Sunday, September 1, 2019

သီရိလင်္ကာရေတပ်မှ စစ်ရေယာဉ်နှစ်စင်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိ

Image may contain: ocean, sky, outdoor and water

သီရိလင်္ကာ ရေတပ်မှ စစ်ရေယာဉ် SLNS SAYURA နှင့် SLNS NANDIMITHRA တို့သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး လည်ပတ်ရန် အတွက် မနေ့ ကနေ့လယ်ပိုင်းတွင် ရန်ကုန်မြို့၊ သီလ၀ါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိ လာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်များက ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ စစ်ရေယာဉ်များအားစစ်ရေယာဉ် SLNS SAYURA မှ စစ်ရေယာဉ်မှူးဖြစ်သူ CAPTAIN LN HEWAVITHARANE ဦးဆောင်၍ အရာရှိ၊ စစ်သည် ၂၉၂ ဦးနှင့် အလုပ်သင်အရာရှိ ၂၉ ဦးတို့ လိုက်ပါလာပြီး မြန်မာ နိုင်ငံတွင် စက်တင်ဘာလ ၄ ရက် အထိ လေးရက်ကြာ နေထိုင်၍ လေ့လာ လည်ပတ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Image may contain: 2 people, people standing, sky and outdoor
Image may contain: ocean, outdoor and water
Image may contain: outdoor and water

0 comments:

Post a Comment