Monday, September 23, 2019

ထားဝယ္ၿမိဳ႕တြင္ ဓာတ္အားခႏႈန္းထားတန္းတူညီမွ်ေရးအပါအဝင္ အခ်က္ငါးခ်က္ကို ဆႏၵျပေတာင္းဆိုမည္


တနသၤာရီတိုင္းေဒသႀကီးတြင္ ျဖစ္ေပၚေနသည့္ လွ်ပ္စစ္ကိစၥ ႏွင့္ပတ္သက္ၿပီး ဓာတ္အားခႏႈန္း ထားတန္းတူညီမွ်ေရးအပါအဝင္ အခ်က္ငါးခ်က္ကို ထားဝယ္ၿမိဳ႕ တြင္ ဆႏၵျပေတာင္းဆိုမည္ျဖစ္ေၾကာင္း ဆႏၵျပရန္ဦးေဆာင္စီစဥ္ သူအခ်ဳိ႕ထံမွ သိရသည္။

ယင္းဆႏၵျပပြဲတြင္ တနသၤာရီ တိုင္းေဒသႀကီး၌ တစ္ႏိုင္ငံလံုးႏွင့္ တန္းတူဓာတ္အားခႏႈန္းထားရရွိ ေရး၊ သဘာဝသယံဇာတခံစားခြင့္ ရရွိေရး၊ တစ္ႏိုင္ငံလံုးလွ်ပ္စစ္မူ ဝါဒတစ္ခုတည္းက်င့္သံုးေရး၊လွ်ပ္ စစ္ဓာတ္အားျဖန္႔ျဖဴးေရးလုပ္ငန္း ကို အစိုးရမွကိုင္တြယ္လုပ္ကိုင္ ေရး၊ လွ်ပ္စစ္ကိစၥဌာနတြင္း အဂတိလိုက္စားမႈကင္းရွင္းေရး စသည့္အခ်က္ငါးခ်က္ကို အေျခခံ ကာ ေတာင္းဆိုမည္ျဖစ္ေၾကာင္း ယင္းဆႏၵထုတ္ေဖာ္ပြဲဦးေဆာင္သူ ဦးသန္းဝင္းကေျပာသည္။
ယင္းဆႏၵျပပြဲကို ယခုလ ၂၅ ရက္တြင္ျပဳလုပ္မည္ျဖစ္ၿပီး စုရပ္ အျဖစ္ ထားဝယ္ၿမိဳ႕ရွိ ေလာကမာ ရဇိန္ဘုရားႀကီးအေရွ႕ဘက္မုခ္ အနီးတြင္ ညေန ၄နာရီလူစုမည္ ျဖစ္ေၾကာင္း ဦးေဆာင္သူအခ်ဳိ႕ထံမွ သိရသည္။
''ေဒသတြင္း လွ်ပ္စစ္ကိစၥ သည္ ျပည္သူလူထုေက်နပ္တဲ့ ဝန္ေဆာင္မႈျဖစ္ေအာင္ေပါ့။ ေနာက္ တစ္ခုက ျပည္သူလူထုကို လိမ္ လည္လွည့္ျဖားတဲ့ လွ်ပ္စစ္ဝန္ ေဆာင္မႈမျဖစ္ဖို႔လိုတယ္။ အမ်ား ႀကီးပါပဲ အေၾကာင္းအရာေတြက ေတာ့''ဟုဦးသန္းဝင္းကေျပာသည္။

ယင္းအျပင္ တစ္ႏိုင္ငံလံုး လွ်ပ္စစ္ဓာတ္အားခႏႈန္းထားတန္း တူရရွိေရး၊ ဂက္စ္ခြဲတမ္းကို အစိုးရ ေစ်းႏႈန္းျဖင့္ရရွိေရးအတြက္ ေဒသခံ မ်ား၏ လက္မွတ္စုေဆာင္း ေကာက္ခံျခင္းကိုပါ လုပ္ေဆာင္သြား မည္ျဖစ္ေၾကာင္း ဦးေဆာင္သူတစ္ ဦးျဖစ္သူ ကိုေဝၿဖိဳးကေျပာသည္။
ဆႏၵထုတ္ေဖာ္ပြဲမလုပ္မီ ယခု လ ၂၄ရက္တြင္ ယင္းဆႏၵထုတ္ ေဖာ္ပြဲႏွင့္ပတ္သက္သည့္အေၾကာင္း အရာမ်ားကို ျပည္သူလူထုကို အသိေပးရွင္းလင္းသြားမည္ ျဖစ္ ေၾကာင္း ကိုေဝၿဖိဳးကေျပာသည္။
<Unicode>
ထားဝယ်မြို့တွင် ဓာတ်အားခနှုန်းထားတန်းတူညီမျှရေးအပါအဝင် အချက်ငါးချက်ကို ဆန္ဒပြတောင်းဆိုမည်
Tuesday, September 24, 2019

တနင်္သာရီတိုင်းဒေသကြီးတွင် ဖြစ်ပေါ်နေသည့် လျှပ်စစ်ကိစ္စ နှင့်ပတ်သက်ပြီး ဓာတ်အားခနှုန်း ထားတန်းတူညီမျှရေးအပါအဝင် အချက်ငါးချက်ကို ထားဝယ်မြို့ တွင် ဆန္ဒပြတောင်းဆိုမည်ဖြစ်ကြောင်း ဆန္ဒပြရန်ဦးဆောင်စီစဉ် သူအချို့ထံမှ သိရသည်။
ယင်းဆန္ဒပြပွဲတွင် တနင်္သာရီ တိုင်းဒေသကြီး၌ တစ်နိုင်ငံလုံးနှင့် တန်းတူဓာတ်အားခနှုန်းထားရရှိ ရေး၊ သဘာဝသယံဇာတခံစားခွင့် ရရှိရေး၊ တစ်နိုင်ငံလုံးလျှပ်စစ်မူ ဝါဒတစ်ခုတည်းကျင့်သုံးရေး၊လျှပ် စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ကို အစိုးရမှကိုင်တွယ်လုပ်ကိုင် ရေး၊ လျှပ်စစ်ကိစ္စဌာနတွင်း အဂတိလိုက်စားမှုကင်းရှင်းရေး စသည့်အချက်ငါးချက်ကို အခြေခံ ကာ တောင်းဆိုမည်ဖြစ်ကြောင်း ယင်းဆန္ဒထုတ်ဖော်ပွဲဦးဆောင်သူ ဦးသန်းဝင်းကပြောသည်။
ယင်းဆန္ဒပြပွဲကို ယခုလ ၂၅ ရက်တွင်ပြုလုပ်မည်ဖြစ်ပြီး စုရပ် အဖြစ် ထားဝယ်မြို့ရှိ လောကမာ ရဇိန်ဘုရားကြီးအရှေ့ဘက်မုခ် အနီးတွင် ညနေ ၄နာရီလူစုမည် ဖြစ်ကြောင်း ဦးဆောင်သူအချို့ထံမှ သိရသည်။
''ဒေသတွင်း လျှပ်စစ်ကိစ္စ သည် ပြည်သူလူထုကျေနပ်တဲ့ ဝန်ဆောင်မှုဖြစ်အောင်ပေါ့။ နောက် တစ်ခုက ပြည်သူလူထုကို လိမ် လည်လှည့်ဖြားတဲ့ လျှပ်စစ်ဝန် ဆောင်မှုမဖြစ်ဖို့လိုတယ်။ အများ ကြီးပါပဲ အကြောင်းအရာတွေက တော့''ဟုဦးသန်းဝင်းကပြောသည်။

ယင်းအပြင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားခနှုန်းထားတန်း တူရရှိရေး၊ ဂက်စ်ခွဲတမ်းကို အစိုးရ ဈေးနှုန်းဖြင့်ရရှိရေးအတွက် ဒေသခံ များ၏ လက်မှတ်စုဆောင်း ကောက်ခံခြင်းကိုပါ လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ဦးဆောင်သူတစ် ဦးဖြစ်သူ ကိုဝေဖြိုးကပြောသည်။
ဆန္ဒထုတ်ဖော်ပွဲမလုပ်မီ ယခု လ ၂၄ရက်တွင် ယင်းဆန္ဒထုတ် ဖော်ပွဲနှင့်ပတ်သက်သည့်အကြောင်း အရာများကို ပြည်သူလူထုကို အသိပေးရှင်းလင်းသွားမည် ဖြစ် ကြောင်း ကိုဝေဖြိုးကပြောသည်။

0 comments:

Post a Comment