ပြန်ကြားရေးဝန်ကြီးဌာနက အသိအမှတ်ပြု လက်မှတ် ထုတ်ပေးထားသော သတင်းအေဂျင်စီများအားလုံး ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ အချက် ချက်ကို လိုက်နာရန် စက်တင်ဘာလ ၃ ရက်နေ့စွဲဖြင့် ညွှန်ကြားချက်တစ်စောင်ကို အစိုးရဘက်က ထုတ်ပြန်လိုက်သည်။
အဆိုပါ ညွှန်ကြားချက်တွင် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ တိုင်းရင်းသားအချင်းချင်း၊ နိုင်ငံသားအချင်းချင်း လူမျိုးရေးအရ ဘာသာရေးအရ ယဉ်ကျေးမှုအရ ထိခိုက်နစ်နာစေမည့် အကြောင်းအရာများကို ဖော်ပြခြင်း၊ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေး တို့ကိုသော်လည်းကောင်း၊ နိုင်ငံသားတိုင်းတန်းတူမှု၊ လွတ်လပ်မှု ၊ တရားမျှတမှု ၊ အခွင့်အရေးတို့ကိုသော်လည်းကောင်း ထိခိုက်စေမည့် အကြောင်းအရာ များကို ဖော်ပြခြင်း၊ ညစ်ညမ်းစာများကို ဖော်ပြခြင်း၊ ရာဇ၀တ်မှု ၊ ရက်စက်ကြမ်းကြုတ်ခြင်း၊ အကြမ်းဖက်မှု ၊ လောင်းကစားမှုနှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ပြစ်မှု ကျူးလွန်ခြင်းတို့ကို အားပေးခြင်းနှင့် လှုံ့ဆော်ခြင်း ဆိုသော အချက်များကို လိုက်နာရန် ညွှန်ကြားချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
0 comments:
Post a Comment