Sunday, September 1, 2019

တောင်ကိုရီးယားသမ္မတ မြန်မာနိုင်ငံကို လာရောက်လည်ပတ်မည်

Image may contain: 2 people, people smiling, people standing and suit

မြန်မာနိုင်ငံအပါအဝင် ထိုင်းနဲ့ လာအိုနိုင်ငံတို့ကိုအလည်အပတ်ရောက်ရှိလာမည့် တောင်ကိုရီးယားသမ္မတ Moon Jae-in ရဲ့ အရှေ့တောင်အာရှ ခရီးစဉ်ကို မနေ့က စတင်ခဲ့တာဖြစ်ပြီး ယနေ့မှာတော့ ထိုင်းနိုင်ငံမှာ ၀န်ကြီးချုပ် Prayuth Chan-ocha နဲ့ ဆွေးနွေးမယ်လို့ တောင်ကိုရီးယား သတင်းတွေမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံကိုတော့ မနက်ဖြန် အဂါင်္နေ့မှာ ဆိုက်ရောက်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအလည်အပတ်ခရီးစဉ်အတွင်း တောင်ကိုရီးယားသမ္မတဟာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊သမ္မတ ဦးဝင်းမြင့်တို့နဲ့ တွေ့ဆုံသွားဖို့ရှိကြောင်း သိရသည်။
Moon ရဲ့ခရီးစဉ်အတွင်းမှာ ကိုရီးယားလုပ်ငန်းတွေအတွက် ဌာနဆိုင်ရာကိစ္စရပ်အခက်အခဲတွေကို ကူညီဖြေရှင်းပေးမယ့် ကိုရီးယားဆိုင်ရာရုံးကို စတင်ဖွင့်လှစ်မယ်လို့လည်း ခန့်မှန်းရပါတယ်။
ဆက်လက်ပြီး လာအိုနိုင်ငံကို နှစ်ရက်ကြာလည်ပတ်ပြီးနောက် စက်တင်ဘာ ၆ ရက်နေ့မှာ အလည်အပတ်ခရီးစဉ်ကို အဆုံးသတ်မယ်လို့ သိရသည်။

0 comments:

Post a Comment