Tuesday, September 3, 2019

မူဆယ်မြို့ ဟိုမွန်ရပ်ကွက်တွင် နေထိုင်သော သတင်းထောက် သေနတ်ဖြင့် ပစ်ခတ်ခံရ၊ ညာဖက်ခြေမအား ဖောက်ထွက်သွား

Image may contain: one or more people and shoes

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ ဟိုမွန်ရပ်ကွက် သိန်းသန်းချီ ကားကြီးဝန်း အနောက်ခြမ်းတွင် နေထိုင်သော သတင်းထောက် ဆရာမောင်အား အမည်မသိ လူနှစ်ဦးမှ ၉ မမပစ္စတို သေနတ်ဖြင့် ၆ ချက် လာရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

၂၀၁၉ စက်တင်ဘာလ ၃ရက် ည ၉နာရီ၂၀ အချိန် သတင်းထောက် ဆရာမောင်နှင့် ညပိုင်း အဖော်အဖြစ် လာရောက်အိပ်ပေးသူ မောင်ကောင်းမြတ်ထွန်းတို့သည် အိမ်မကြီး၏ အနောက်ဖက်ပေါက်မှ ကပ်လျှက်ရှိသော ဆောက်လုပ်ဆဲ ဒုတိယခြံဝန်းအတွင်းသို့ ထွက်လာကြပြီး အုတ်တံတိုင်း၌ မှီ၍ ရပ်လျှက်စကားပြောနေကြပါသည်။
ထိုအချိန်တွင် အရပ်မြင့်မြင့် အသားဖြူဖြူ ဦးထုပ်ဆောင်းထားသူနှင့် မျက်နှာ၌ msak တပ်ထားသူ စုစုပေါင်း လူနှစ်ဦးသည် မင်္ဂလာမူဆယ်သို့ သွားသည့်လမ်းအား ပေ ၃၀ အကွာ အိမ်မကြီးရှေ့ ကားလမ်းပေါ် ဒုတိယခြံ၏အထက်စီးမှ မေးမြန်းခဲ့ရာ သွားနိုင်သည့် လမ်းကြောင်းကို ကောင်းမွန်စွာ ဖြေကြားနေစဉ် အသားဖြူ အရပ်မြင့်သူမှ maskတပ်ထားသူ အမျိုးသားအား ကားသွားယူရန်ပြောပြီး ရှောင်ခိုင်းကာ ဆရာမောင်ဖက်လှည့်ပြီး သေနတ်ဖြင့် ချိန်တွယ်၍ ပစ်ခတ်ခဲ့သည်။
ပထမအကြိမ် သေနတ်ပစ်ခံရသည့်အတွက် ထွက်လာသည့် လမ်းကြောင်းအတိုင်း အိမ်မကြီးဖက်သို့ လှည့်ပြေးစဉ် ဒုတိယကျည်ဆံက ညာဖက်ခြေမကို ဖောက်ထွက်သွားကြောင်း သိလိုက်ရပါသည်။ သေနတ်သံ ၃ ချက်ဆက်တိုက် ကြားနေရချိန်တွင် ကောင်းမြတ်ထွန်းနှင့်အတူ ဆရာမောင်သည် အိမ်မကြီးအတွင်းသို့ ရောက်ရှိခဲ့ပြီး မှန်ပြတင်းပေါက်မှ ပြင်ပအခြေအနေကို ကြည့်ရှုခဲ့ကြပါသည်။ ဆရာမောင်တို့နှစ်ဦး ကျည်ကွယ်ရောက်သွားသည့်အတွက် သေနတ်သမားသည် အိမ်မကြီး၏ခြံအတွင်းရှိ malonise အမျိုးအစား အိမ်မွေးခွေးကို ပစ်သတ်ခဲ့ပြီး လာလမ်းအတိုင်း ထွက်သွားခဲ့ကြောင်း သိမြင်ခဲ့ရပါသည်။
အချင်းဖြစ်ပွားပြီး မကြာခင်အချိန်အတွင်း တပ်မတော် ပြည်သူ့ရဲနှင့် နမ့်ခမ်းမြို့မပြည်သူ့စစ်ဌာနေတို့မှ တပ်ဖွဲ့ဝင်များအသီးသီး ရောက်ရှိလာကြပြီး မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြပါသည်။ အချင်းမဖြစ်ပွားမှီ ဩဂုတ်လ ၃၁ရက် နံနက် ၈နာရီခွဲအချိန်တွင် ဆရာမောင်၏အိမ်ရှေ့သို့ လူတစ်ဦး ရောက်ရှိကာ ဆရာမောင်အား ကြိမ်းဝါးပြောဆိုမှုများ ရှိခဲ့သည့်အတွက် ညအတူအိပ်ရန် မောင်ကောင်းမြတ်ထွန်းကို ခေါ်ယူထားခြင်းဖြစ်သည်။
Image may contain: dog
ဆရာမောင် (မူဆယ်)

0 comments:

Post a Comment