
စက်တင်ဘာလ ၈ ရက်နေ့ ၁၄၃၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၉)မိုင်းဆတ်မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မိုင်းဆတ်မြို့နယ်၊ ကျောက်တုံးကျေးရွာနေ အားကျီး ၄၈ နှစ်နှင့် ဇနီးဖြစ်သူ မမီထွန်း ၄၈ နှစ်တို့၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်တွင် ၎င်းတို့နှင့်အတူ အဆိုပါကျေးရွာနေ လီဆောင် ၄၂ နှစ်အားတွေ့ရှိပြီး ၎င်းတို့ ၃ ဦးထံမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွ ရူးသွပ်ဆေးပြား ၃၃၁၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၃.၁ သိန်း)နှင့် ပုလင်းဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၂၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃.၂ သိန်း) တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါ သည်။
အလားတူ ယင်းနေ့ ၀၈၂၀ အချိန်တွင် ပြင်ဖြူနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့် အတူ မောင်တောမြို့နယ်၊ ဇင်ပိုင်ညာကျေးရွာအုပ်စု၊ သာဇေကုန်းကျေးရွာနေ မကာလာဘာနူရ်(ခ)အဏ္ဏဝါဒါ ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအားနေအိမ်တွင်တွေ့ရှိပြီး နေအိမ်နောက်ဖေးဓနိမိုးတံစက်မြိတ်ကြားရှိ ဆာလာအိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်ဖြင့်ထည့်ထားသော စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀ ပြား(ဒေသကာ လပေါက်ဈေးတန်ဖိုးငွေကျပ် ၆ သိန်း)အားတွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
အဆိုပါဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုများရေးဖွင့်ပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိ ကြောင်း သတင်းရရှိသည်။







0 comments:
Post a Comment