Monday, September 23, 2019

ပုပၸားေတာင္ကလပ္တြင္ ေက်ာက္တုံးၿပိဳက်မႈျဖစ္၍ ေစာင္းတန္းအမိုး(၂)ခန္းပ်က္စီး

Image may contain: food and outdoor

စက္တင္ဘာ(၂၃)ရက္ေန႔ မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ပုပၸားေတာင္ကလပ္တြင္ မိုးသည္းထန္စြာ ႐ြာသြန္းခဲ့မႈေၾကာင့္ နံနက္ ၅ နာရီခြဲခန႔္တြင္ ေတာင္ကလပ္ေတာင္ထိပ္ အနီးရွိ ဒုတိယ သံေလွကားအေပၚ ေတာင္နံရံမွ ေက်ာက္တုံးတစ္တုံး ၿပိဳဆင္းက်ခဲ့ရာမွ ေစာင္းတန္းအမိုးသြပ္မ်ားႏွင့္ သံတန္းမ်ား ပါရွိသည့္ (၅)ေပခန္း (၂)ခန္း ပ်က္စီးခဲ့ၿပီး လူႏွင့္တိရိစာၦန္ ထိခိုက္မႈ မရွိေၾကာင္း သိရွိရသည္။

ၿပိဳဆင္းက်ခဲ့သည့္ ေက်ာက္တုံးမွာ လုံးပတ္(၅)ေပခန႔္ရွိသည့္ ျမင္းသီလာေက်ာက္ (ေခၚ) ျမင္းနီလာေက်ာက္ျဖစ္ၿပီး ေက်ာက္သားမွာ အမာမဟုတ္ဘဲ သဲေက်ာက္ဆန္ဆန္ ေျမသားေက်ာက္ျဖစ္ၿပီး၊ ေဆးဖက္ဝင္ ေက်ာက္အမ်ိဳးအစားလည္းျဖစ္ေၾကာင္းသိရသည္။
ပ်က္ဆီးသြားခဲ့ေသာ ေစာင္းတန္းအမိုးမ်ား ျပန္လည္ျပဳျပင္ျခင္း လုပ္ငန္းမ်ားကို ဘုရားဖူးျပည္သူမ်ား အတက္အဆင္း အေႏွာက္အယွက္မျဖစ္ေစဘဲ (၃) ရက္အတြင္း ျပန္လည္ျပဳျပင္ သြားမည္ျဖစ္ေၾကာင္း ေတာင္ကလပ္ေဂါပက အဖြဲ႕ ဥကၠဌမွ ေျပာၾကားခဲ့ေၾကာင္းသိရွိရပါသည္။
Image may contain: one or more people and people sitting
Image may contain: outdoor and nature

<<Unicode>>
ပုပ္ပားတောင်ကလပ်တွင် ကျောက်တုံးပြိုကျမှုဖြစ်၍ စောင်းတန်းအမိုး(၂)ခန်းပျက်စီး
Monday, September 23, 2019

စက်တင်ဘာ(၂၃)ရက်နေ့ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် နံနက် ၅ နာရီခွဲခန့်တွင် တောင်ကလပ်တောင်ထိပ် အနီးရှိ ဒုတိယ သံလှေကားအပေါ် တောင်နံရံမှ ကျောက်တုံးတစ်တုံး ပြိုဆင်းကျခဲ့ရာမှ စောင်းတန်းအမိုးသွပ်များနှင့် သံတန်းများ ပါရှိသည့် (၅)ပေခန်း (၂)ခန်း ပျက်စီးခဲ့ပြီး လူနှင့်တိရိစ္ဆာန် ထိခိုက်မှု မရှိကြောင်း သိရှိရသည်။
ပြိုဆင်းကျခဲ့သည့် ကျောက်တုံးမှာ လုံးပတ်(၅)ပေခန့်ရှိသည့် မြင်းသီလာကျောက် (ခေါ်) မြင်းနီလာကျောက်ဖြစ်ပြီး ကျောက်သားမှာ အမာမဟုတ်ဘဲ သဲကျောက်ဆန်ဆန် မြေသားကျောက်ဖြစ်ပြီး၊ ဆေးဖက်ဝင် ကျောက်အမျိုးအစားလည်းဖြစ်ကြောင်းသိရသည်။
ပျက်ဆီးသွားခဲ့သော စောင်းတန်းအမိုးများ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို ဘုရားဖူးပြည်သူများ အတက်အဆင်း အနှောက်အယှက်မဖြစ်စေဘဲ (၃) ရက်အတွင်း ပြန်လည်ပြုပြင် သွားမည်ဖြစ်ကြောင်း တောင်ကလပ်ဂေါပက အဖွဲ့ ဥက္ကဌမှ ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

0 comments:

Post a Comment