တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်း၏ခရီးစဉ်အတွင်း မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနအတွက် တောင်ကိုရီးယားအစိုးရမှ ကျောင်းကားအစီးရေ ၆၀ ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ကိုရီးယားသမ္မတနိုင်ငံသမ္မတ မွန်းဂျေအင်းတို့ စက်တင်ဘာ ၃ ရက်က နေပြည်တော်သမ္မတအိမ်တော်တွင် တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံမှုတွင် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်း၏ချစ်ကြည်ရေးခရီးစဉ်အတွင်း သဘောတူညီချက်နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကိုလည်း ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့လွှဲပြောင်းပေးအပ်မည့် ကားအစီးရေ ၆၀ ကို ပညာရေးဝန်ကြီးဌာနသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားသမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံတွင် စက်တင်ဘာ ၃ ရက်မှ ၅ ရက်နေ့အထိ ၃ ရက်ကြာ အလည်အပတ်လာရောက်ခြင်းဖြစ်သည်။
ဖူးအောင်
Photo Credit - Ko Ravi
0 comments:
Post a Comment