Monday, September 9, 2019

ကျိုင်းတုံတွင် စက်တင်ဘာလ ၁၆ ရက်၊ ၁၇ ရက်နေ့တွင် ထပ်မံတွေ့ဆုံရန် မြောက်ပိုင်း ၄ ဖွဲ့အား ငြိမ်းချမ်းရေးကော်မရှင် ဖိတ်ခေါ်

Image may contain: text

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ ဖြစ်သော KIO၊ PSLF၊ MNTJP၊ ULA တို့အား ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ထပ်မံတွေ့ဆုံရန် ငြိမ်းချမ်းရေးကော်မရှင်မှ စက်တင်ဘာလ ၉ ရက်က ဖိတ်ကြားထားကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်တွင် ကျိုင်းတုံမြို့ရှိ ကျိုင်းတုံ ဟော်တယ်တွင် ပြုလုပ်ရန် စီစဉ်ထားရှိကာ မဟာမိတ်အဖွဲ့ ကိုယ်စားလှယ်များ၏ မိုင်းလား-ကျိုင်းတုံ- ယာဉ်တန်းလုံခြုံရေး၊ လမ်းကြောင်း လုံခြုံရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စများကို အစိုးရဘက်မှ တာဝန်ယူသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

0 comments:

Post a Comment