Monday, September 23, 2019


Image may contain: one or more people and outdoor


Image may contain: outdoor
Image may contain: outdoor and nature

<Unicode>
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် ဒိုင်နာကားတစ်စီး ချောင်းရေဖြင့် မျှောပါမှု ဖြစ်ပွား
Tuesday, September 24, 2019

မန္တလေးတိုင်း၊ တံတားဦးမြို့မှ ဦးကံချင်းသည် ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဆိပ်ဖြူမြို့သို့ ခရီးသည်ပို့အပြန်တွင် ချောက်၊ ညောင်ဦးမိုင်တိုင်အမှတ် (၁၇/၂) နှင့် (၁၇/၃)အနီး မန္တလေးတိုင်း ညောင်ဦးမြို့နယ်၊ စဉ့်ကူချောင်အတွင်း သဲနစ်မြုပ် နေသဖြင့် ကရိန်ကားဌားရန်သွားစဉ် ချောင်းရေများကျလားသဖြင့် ချောင်းရေအတွင်းသို့ ၁ မိုင် ၄ ဖာလုံခန့် မျောပါသွားခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်မှာ ခရီးသည်များ မပါရှိကြောင်း သိရသည်။
အဆိုပါ မော်တော်ယာဉ်ပြန်လည်ရရှိနိုင်ရေးအတွက် ချောက်မြို့နယ် မြိုမစခန်းမှ ဒုရဲအုပ် ဝင်းဇော်နှင့် တပ်ဖွဲ့ဝင်များ၊ စဉ့်ကူမှ ဒုရဲအုပ်လွင် မောင်နှင့်ရဲတပ်ဖွဲ့ဝင်များ ချောက်စဉ့်ကူမီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းဆောင်ရွက် လျှက်ရှိကြောင်း သိရှိရသည်။

0 comments:

Post a Comment