မောင်တောမြို့နယ်၊ ကျောက်ပန္တုကျေးရွာအနောက်ဘက် ပင်လယ်ကမ်းစပ်မှာ စက်တင်ဘာ ၄ ရက် မနက် ၈ နာရီက ပိုင်ရှင်မဲ့လှေတစီး တွေ့ရှိကြောင်း သတင်းအရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ အလျားပေ ၆၀၊ အနံ ၁၈ ပေ၊ အမြင့်ပေ ၂၀၊ ရေစူး ၁၂ ပေလောက်ရှိ မြင်းကောင်ရေ ၁၈၀ အင်ဂျင်တပ်ဆင်ထားတဲ့ ဝါးလက်လှေတစီးကို ပိုင်ရှင်မဲ့တွေ့ရှိခဲ့တာပါ။
လှေရဲ့ ဘေးနှဘက်က ပျဉ်ကာတွေကွဲအက်နေပြီး ခါးကျိုးကာ ရေများစိမ့်ဝင်နေပြီး လှေပေါ်မှာ သေဆုံးပုပ်ပွနေတဲ့ ကျွဲ၊ နွားအကောင် ၅၀ လောက်တွေ့ရှိခဲ့တာကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
# ပြန်ကြားရေး






0 comments:
Post a Comment