Wednesday, September 4, 2019

နတ်တလင်းမြို့နယ်တွင် မိုးရေနှင့် ဂူကြီးချောင်းရေလျှံမှုကြောင့် စာသင်ကျောင်းအချို့ ပိတ်ထားရ

Image may contain: basketball court and outdoor

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် အနောက်ခြမ်း စာသင်ကျောင်းများအတွင်းသို့ ယနေ့နံနက် ၉ နာရီ၌ မိုးသည်း ထန်စွာ ရွာသွန်းခြင်းနှင့် ဂူကြီးကျောင်း ရေလျှံမှုများကြောင့် ပိတ်ထားရကြောင်း သိရသည်။

အဆိုပါကျေးရွာများမှာ ချောင်းခွအုပ်စုကွက်ကြီးကျေးရွာ၊ လူနေအိမ်ခြေ ၁၂၀၊ ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် မူလတန်းကျောင်း၊ သာယာကုန်းအုပ်စု၊ ကျခတ်အိုင်ရွာလူနေအိမ်(၇၂)လုံး၊ မူလတန်းကျောင်း၊ သာယာကုန်းရွာလူနေအိမ်ခြေ ၁၈၀၊ မူလတန်းကျောင်း၊ ကျီးပင်ဆင်ဂေါင်းရွာ လူနေအိမ်(၁၇၉)လုံးတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်။
အဆိုပါ ရေကြီးရေလျှံမှုဖြစ်နေခြင်းအား တာပွန်မြို့အုပ်ချုပ်ရေးမှူး ဦးစိုးရွှေ၊ နယ်မြေရဲစခန်းမှုး ရဲအုပ်အောင်ဇော်မိုး၊ နယ်မြေမီးသတ်စခန်းမှ မီးတပ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြကြောင်းနှင့် NGO အဖွဲ့အစည်းများ စေတနာရှင်များက ရေဘေးသင့်ပြည်သူများအား ထမင်းထုပ်များ ဖြန့်ဝေလှူဒါန်းပေးကြကြောင်း သိရသည်။
Image may contain: one or more people, people standing, tree, outdoor, nature and water
တင်မြင့် (နတ်တလင်း)

0 comments:

Post a Comment