၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၁)နာရီ၊ (၄၈)မိနစ်၊ (၃၉)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၇၇) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဟုမ္မလင်းမြို့၏ အရှေ့မြောက်ဘက် (၁၇) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၅.၀၉)ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၅.၀၈) ဒီဂရီ၊ အနက် (၇၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရှိရပါသည်။
0 comments:
Post a Comment