Tuesday, September 10, 2019

ထိန်းသိမ်းထားတဲ့ ဗြိတိန်သင်္ဘောကို ရက်ပိုင်းအတွင်း ပြန်လွှတ်ပေးမယ်လို့ အီရန်ဘက်ကဆို

Image may contain: ocean, sky, outdoor and water

ထိန်းသိမ်းထားတဲ့ ဗြိတိန်အလံတင် ရေနံတင်သင်္ဘောကို ဒီရက်ပိုင်းအတွင်းပြန်လွှတ်ပေးနိုင်တယ်လို့ အီရန်ဘက်က စက်တင်ဘာ ၈ ရက်မှာ အရိပ်အမြွှက်ပြောဆိုခဲ့ပါတယ်။

အီရန်ဟာ ဗြိတိန်ရဲ့ မဟာမိတ်ဖြစ်တဲ့ အမေရိကန်နဲ့ တင်းမားမှုတွေရှိနေတဲ့အချိန်မှာ ဒီသင်္ဘောကို ပင်လယ်ကွေ့ ရေပြင်ကနေ ထိန်းသိမ်းလိုက်တာပဲ ဖြစ်ပါတယ်။
“ဆွီဒင်နိုင်ငံပိုင် သင်္ဘောကိုပြန်လွှတ်ပေးဖို့ လိုအပ်တဲ့ဆောင်ရွက်ချက်တွေကို ချမှတ်ဆောင်ရွက်နေ ပြီ” အီရန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်အာဘတ်မူဆာဗီကပြောပါတယ်။
“ ဒီလိုဆောင်ရွက်တဲ့နေရာမှာ နောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီဖြစ်ပြီးတော့ ဘုရားသခင်ရဲ့ ဆန္ဒအတိုင်း ဒီသင်္ဘောဟာ လာမည့်ရက်အ နည်းငယ်အတွင်းမှာပြန်လွတ်လာပါလိမ့်မယ်” လို့လဲ သူကဆက်လက်ပြောဆိုပါတယ်။
စတီနာ အင်ပီရို သင်္ဘောကို အီရန်ဘက်က ထိန်းသိမ်းလိုက်ခြင်းက လက်တုန့်ပြန်မှုတစ်ခုဖြစ်ပြီး အဲ့ဒီမတိုင်ခင် ဗြိတိန်ဘက်က ဆီရီးယားကို ရေနံပို့တယ်ဆိုတဲ့ သံသယနဲ့ အီရန်ရေနံတင်ဘင်္ဘောတစ်စင်းကို ဇူလိုင်လတုန်းက ဂျီဘရော့တာ ကမ်းလွန်မှာ ထိန်းသိမ်းခဲ့ပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာတော့ အီရန်ဘက် အီးယူပို့ဆို့မှုတွေနဲ့ ရင်ဆိုင်နေ ရတဲ့ ဆီးရီးယားဘက်ကို ဦးမတည်ပါဘူးဆိုတဲ့ အာမခံချက်ကြောင့် ဂျီဘရော်တာဘက်က ဒီသင်္ဘောကိုပြန် လွှတ်ပေးခဲ့ပါတယ်။
အီရန်နိုင်ငံရဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက စတီနာ အင်ပီရိုသင်္ဘောကို ဇူလိုင် ၁၉ ရက်နေ့မှာ ဟား မွတ်ဇ်ရေလက်ကြားမှာ ထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။
သင်္ဘောဟာ နိုင်ငံတကာ ရေကြောင်းသွားလာရေး စည်းမျဉ်းတွေကို ချိုးဖောက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ထိန်းသိမ်းလိုက်တာဖြစ်ပြီး အဲ့ထိအချိန်သင်္ဘော ပေါ်မှာ သင်္ဘောသား ၂၃ ဦးရှိနေခဲ့ပါတယ်။
သင်္ဘောသားခုနစ်ဦးကို ပြန်လွတ်ပေးလိမ့်မယ်လို့ သင်္ဘောပိုင်ရှင် ဘက်ကပြောခဲ့ပြီး နောက်ပိုင်းမှာ သင်္ဘောသားတစ်ချို့ပြန်လွတ်လာပြီလို့ဆွီဒင်နိုင်ငံခြားရေးဌာနက ပြောပါ တယ်။
Ref: CNA

0 comments:

Post a Comment