
မန္တလေးတက္ကသိုလ်ဝင်းအတွင်း Food Court ခေါ် ဈေးဆိုင်အဆောက်အဦး ဆောက်လုပ်ရာတွင် ပွင့်လင်းမြင်သာမူ မရှိဟုဆိုကာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင်များမှ စက်တင်ဘာလ(၅) ရက်နေ့တွင် လေးရက်မြောက်နေ့အဖြစ် ဆက်လက်သပိတ်မှောက်လျက်ရှိကြောင်း သိရသည် ။
အဆိုပါ သပိတ်မှောက်ဆန္ဒပြမှုကို စက်တင်ဘာလ ၂ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တိကျမှန်ကန်မျှတသော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၊ စစ်ဆေး၊ အရေးယူပေးရေး၊ ကျောင်းတွင်းစီမံကိန်းများ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သားစွာ ချပြရေး စသည့်တောင်းဆိုချက်များကို တောင်းဆိုခဲ့ကြသည်။
မန္တလေးတက္ကသိုလ် ကျောင်းအုပ်ချုပ်ရေးတာဝန်ရှိသူမျအနေဖြင့် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ဖြစ်သည့် ၁/၂၀၁၇ ကို ဖောက်ဖျက်ပြီး Food Court ဆောက်လုပ်သည့် ကိစ္စအား တင်ဒါခေါ်ယူခြင်းမရှိပဲ ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါ Food Court ဆောက်လုပ်မှုအား ကျောင်းသားသမဂ္ဂအနေဖြင့် ထောက်ခံသည့်ပုံစံ အတုအယောင်များ လုပ်ဆောင်ထားခြင်းများလည်းရှိကြောင်း သိရသည်။
မန္တလေးတက္ကသိုလ်အတွင်း ဆောက်လုပ်ထားသည့် အဆိုပါ Food Court မှာ ၂၀၁၈ ခုနှစ် သြဂုတ်လ ကတည်း က ဆောက်လုပ်ခြင်းဖြစ်ပြီး ယခုအခါ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။










0 comments:
Post a Comment