လူမှုကွန်ရက်တွင် ကျောင်းဆရာကြီးသည် အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ဖုန်းပြောနေတဲ့ အသံဖိုင်တစ်ခု ထပ်မံ ပျံ့နှံ့လာခဲ့ပြီး ထိုအသံဖိုင်တွင် အခင်းဖြစ်ပွားစဉ်တွင် အနားမှာ ရှိနေသော ကျောင်းသူများရဲ့ ဖြေးရှင်းပြောပြနေတဲ့ အသံများလည်း ပါရှိလာခဲ့တာ ဖြစ်ပါတယ်။
<Unicode>
မန္တလေးမြို့မှ ဆု ကိုယ်ပိုင်ကျောင်းမှ ဆရာဖြေရှင်းထားတဲ့ အသံဖိုင်နဲ့ အတန်းဖော်ကျောင်းသူလေး၏ ဖြေရှင်းချက် ထွက်ပေါ်လာ
Monday, September 23, 2019
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၂) နေ့က မန္တလေးမြို့ ဆု ကိုယ်ပိုင်ကျောင်းရှိ ဒသမတန်း ကျောင်းသူကို ကျောင်းဆရာမှ ကိုယ်ထိလက်ရောက်ကျူးလွန်ဆိုသည့် သတင်းနှင့်တကွ CCTV မှတ်တမ်း ဗွီဒီယိုဖိုင်များ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။
လူမှုှုကွန်ရက်တွင် ကျောင်းဆရာကြီးသည် အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ဖုန်းပြောနေတဲ့ အသံဖိုင်တစ်ခု ထပ်မံ ပျံ့နှံ့လာခဲ့ပြီး ထိုအသံဖိုင်တွင် အခင်းဖြစ်ပွားစဉ်တွင် အနားမှာ ရှိနေသော ကျေင်းသူများရဲ့ ဖြေးရှင်းပြောပြနေတဲ့ အသံများလည်း ပါရှိလာခဲ့တာ ဖြစ်ပါတယ်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျောင်းသူ၏ မိဘမှ ပြန်လည်ဖြေရှင်းထားကြောင်းလည်းသိရှိရပါတယ်။
အဆိုပါ သတင်းနှင့်ပတ်သက်ပြီး ကျောင်းသူ၏ မိဘဖြစ်သူဟု ယူဆရသော Min Min Myat ဆိုသူ၏ လူမှုကွန်ယက် ဖေ့ဘုတ်စာမျက်နှာတွင် ရှင်းလင်းချက် အပိုင်း(၁) အပိုင်း(၂) အပိုင်း(၃) ဟူ၍ အပိုင်းသုံးပိုင်း ခွဲ၍ “မှားယွင်းစွာ ပြန့်နှံ့နေသော ဗွီဒီယိုဖိုင်အကြောင်းကို အမှန်ကန်ဆုံးဖြေရှင်းခြင်း” ဟု ရှင်းလင်းထားပြီး အဆိုပါ အဖြစ်အပျက်သည် Child Abuse ဖြစ်သည့်အတွက် အမှန်တရားကို ဝိုင်းဝန်းပေးကြပါရန် တောင်းပန်အပ်ပါသည်ရှင့်” ဟု ဖော်ပြထားပါတယ်။
#Myanmar_Online_News #မန္တလေး #ဆုကိုယ်ပိုင်ကျောင်း #Mandalay






0 comments:
Post a Comment