

စက္တင္ဘာလ (၁၇)ရက္ေန႔ ညေနပိုင္းက မအူပင္ၿမိဳ႕နယ္ NLDပါတီ ဥကၠဌ မွ ၿမိဳ႕မိၿမိဳ႕ဖတစ္ဦးျဖစ္သူ Cartoon AH TEE အေကာင့္ပိုင္ရွင္ ဦးႏိုင္ေဇာ္ဦးအား ခ႐ိုင္ /ၿမိဳ႕နယ္ အေထြေထြေရြးေကာက္ပြဲ ေကာ္မရွင္ေရြးခ်ယ္ရာတြင္ ပါတီမွ ဝင္ေရာက္စြတ္ဖက္ခဲ့သည္ဟုဆိုသည့္ စာသားမ်ားအား facebook လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေရးသားခဲ့သည္ဟုဆိုကာ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)ျဖင့္ မအူပင္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ခဲ့ေၾကာင္းသိရသည္။
Cartoon AH TEE အေကာင့္ပိုင္ရွင္ ဦးႏိုင္ေဇာ္ဦးသည္ ၿပီးခဲ့ေသာရက္ပိုင္းက သူ၏ Facebook လူမႈကြန္ရက္စာမ်က္ႏွာေပၚတြင္"မအူပင္ NLD ပါတီ ပံုရိပ္အမွားမ်ား ခ႐ိုင္ၿမိဳ႕နယ္ေကာ္မရွင္ေရြးခ်ယ္မႈ မစက ေရြးခ်ယ္မႈ " စသည့္ စာသားအား ေရးသားတင္ခဲ့ခ်င္းလည္းျဖစ္သည္။
ၿမိဳ႕မိၿမိဳ႕ဖတစ္ဦးျဖစ္သူ Cartoon AH TEE အေကာင့္ပိုင္ရွင္ ဦးႏိုင္ေဇာ္ဦးသည္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ မအူပင္ၿမိဳ႕သို႔လာေရာက္စဥ္ ၿမိဳ႕မိၿမိဳ႕ဖ တစ္ဦးအျဖစ္ ေတြ႕ဆံုခြင့္ရရိွခဲ့သူလည္းျဖစ္သည္။
<<unicode>>
မအူပင်မြို့မှ မြို့မိမြို့ဖဖြစ်သူ Cartoon AH TEE အကောင့်ပိုင်ရှင်အား မြို့နယ် NLDပါတီ ဥက္ကဌ မှ ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်
Thursday, September 19, 2019
စက်တင်ဘာလ (၁၇)ရက်နေ့ ညနေပိုင်က မအူပင်မြို့နယ် NLDပါတီ ဥက္ကဌ မှမြို့ မိမြို့ဖ တစ်ဦးဖြစ်သူ Cartoon AH TEE အကောင့်ပိုင်ရှင် ဦးနိုင်ဇော်ဦးအား ခရိုင် /မြို့နယ် အထွေထွေရွေးကောက်ပွဲ ကော်မရှင်ရွေးချယ်ရာတွင် ပါတီမှ ဝင်ရောက်စွတ်ဖက်ခဲ့သည်ဟုဆိုသည့် စာသားများအား facebook လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားခဲ့သည်ဟုဆိုကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် မအူပင်မြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်းသိရသည်။
Cartoon AH TEE အကောင့်ပိုင်ရှင် ဦးနိုင်ဇော်ဦးသည် ပြီးခဲ့သောရက်ပိုင်းက သူ၏ Facebook လူမှုကွန်ရက်စာမျက်နှာပေါ်တွင်"မအူပင် NLD ပါတီ ပုံရိပ်အမှားများ ခရိုင်မြို့နယ်ကော်မရှင်ရွေးချယ်မှု မစက ရွေးချယ်မှု " စသည့် စာသားအား ရေးသားတင်ခဲ့ချင်းလည်းဖြစ်သည်။
မြို့မိမြို့ဖတစ်ဦးဖြစ်သူ Cartoon AH TEE အကောင့်ပိုင်ရှင် ဦးနိုင်ဇော်ဦးသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မအူပင်မြို့သို့လာရောက်စဉ် မြို့မိမြို့ဖ တစ်ဦးအဖြစ် တွေ့ဆုံခွင့်ရရှိခဲ့သူလည်းဖြစ်သည်။
#Myanmar_Online_News #မအူပင်မြို့






0 comments:
Post a Comment