
ကမ႓ာ့ရာသီဥတု ေျပာင္းလဲမႈအတြက္ ကမ႓ာလုံးဆိုင္ရာ လႈပ္ရွားမႈတစ္ခုျဖစ္သည့္ Climate Strike Campaign ကို စက္တင္ဘာလ ၂၂ ရက္ေန႔က ရန္ကုန္ၿမိဳ႕ႏွင့္ မႏၲေလးၿမိဳ႕ ေနရာ (၃) ေနရာတြင္ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ ကမ္ပိန္းအား သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးအဖြဲ႕ တစ္ခုျဖစ္သည့္ Natural Green Alliance က ျပဳလုပ္ျခင္းျဖစ္ၿပီး မႏၲေလးၿမိဳ႕ ေနရာ (၃) ေနရာျဖစ္သည့္ အိုးဘို - ေရႊက်င္ ေကြ႕ ၊ မႏၲေလးေတာင္ေျခ ႏွင့္ က်ံဳးေဘး တို႔တြင္ ျပဳလုပ္ခဲ့ၾကျခင္း ျဖစ္သည္ ။
ရန္ကုန္ၿမိဳ႕တြင္ ျပဳလုပ္သည့္ ရာသီဥတုကပ္ေဘးတိုက္ဖ်က္ေရးလႈပ္႐ွားမႈအား လူငယ္ေတြ၊ လူငယ္အဖြဲ႔အစည္းေတြ၊ ေက်ာင္းသားေတြ အဓိကဦးေဆာင္ၿပီး ႏိုင္ငံျခားသားေတြ ပါ ပါ၀င္တဲ့ လူအင္အား ၂၀၀ ခန္႔က ဗိုလ္ခ်ဳပ္ေစ်းသစ္ေရွ႕မွ ဆူးေလအထိ ခ်ီတက္ခဲ့ၾကၿပီးေတာ့ မဟာဗႏၶဳလပန္းၿခံေရွ႕မွာ စုေ၀းခဲ့ၾကတာၿဖစ္ေၾကာင္း သိရသည္။
ကမ႓ာ့ရာသီဥတု ေျပာင္းလဲမႈေၾကာင့္ ျမန္မာႏိုင္ငံတြင္လည္း ေရႀကီးေရလွ်ံမႈမ်ား၊ ေတာင္ၿပိဳ ေျမၿပိဳမႈမ်ား ျဖစ္ပြားလွ်က္ရွိၿပီး လူအေျမာက္အမ်ား ေသဆံုးမႈမ်ားရွိခဲ့သည္ ။









<Unicode>
ရာသီဥတုကပ်ဘေးတိုက်ဖျက်ရေးလှုပ်ရှားမှု (Global Climate Strike Myanmar) ကို ရန်ကုန်၊ မန္တလေးမြို့များတွင် ပြုလုပ်
Monday, September 23, 2019
ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုအတွက် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ခုဖြစ်သည့် Climate Strike Campaign ကို စက်တင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်မြို့ နှင့် မန္တလေးမြို့ နေရာ (၃) နေရာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကမ်ပိန်းအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ တစ်ခုဖြစ်သည့် Natural Green Alliance က ပြုလုပ်ခြင်းဖြစ်ပြီး မန္တလေးမြို့ နေရာ (၃) နေရာဖြစ်သည့် အိုးဘို - ရွှေကျင် ကွေ့ ၊ မန္တလေးတောင်ခြေ နှင့် ကျုံးဘေး တို့တွင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည် ။
ရန်ကုန်မြို့တွင် ပြုလုပ်သည့် ရာသီဥတုကပ်ဘေးတိုက်ဖျက်ရေးလှုပ်ရှားမှုအား လူငယ်တွေ၊ လူငယ်အဖွဲ့အစည်းတွေ၊ ကျောင်းသားတွေ အဓိကဦးဆောင်ပြီး နိုင်ငံခြားသားတွေ ပါ ပါဝင်တဲ့ လူအင်အား ၂၀၀ ခန့်က ဗိုလ်ချုပ်ဈေးသစ်ရှေ့မှ ဆူးလေအထိ ချီတက်ခဲ့ကြပြီးတော့ မဟာဗန္ဓုလပန်းခြံရှေ့မှာ စုဝေးခဲ့ကြတာဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံတွင်လည်း ရေကြီးရေလျှံမှုများ ၊ တောင်ပြို မြေပြိုမှုများ ဖြစ်ပွားလျှက်ရှိပြီး လူအမြောက်အများ သေဆုံးမှုများရှိခဲ့သည် ။
#ClimateStrikeCampaign #Myanmar_Online_News






0 comments:
Post a Comment