
သွ်မ္းျပည္ေျမာက္ပိုင္း ပန္ဆိုင္းျမိဳ႕နယ္ ခါးလ်န္ေက်းရြာတြင္ KIA/KIO မွ ပန္ဆိုင္းျမိဳ႕နယ္တြင္း ရပ္ကြက္ဥကၠ႒မ်ား နွင့္ ေက်းရြာဥကၠ႒မ်ားအား ဖိတ္ေခၚ၍ ဆက္ေၾကးခြန္ေကာက္ခံမည့္ ကိစၥနွင့္ ပတ္သက္ျပီး အစည္းအေဝးျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါအစည္းအေဝးအား ၂၀၁၉ ခုနွစ္ စက္တင္ဘာလ ၂၀ ရက္ေန့ နံနက္ ၁၀ နာရီခန့္ ပန္ဆိုင္းျမိဳ႕ ၅ မိုင္ခန့္အကြာတည္ရွိသည့္ ခါးလ်န္ေက်းရြာတြင္ ျပဳလုပ္ခဲ့ျပီး KIA/KIO၏တာဝန္ရွိတစ္ဦးမွ ပန္ဆိုင္းျမိဳ႕နယ္တြင္းရွိ ရပ္ကြက္မ်ားနွင့္ ေက်းရြာမ်ားသည္ KIA/KIO ထံဆက္ေၾကးခြန္ေဆာင္ရမွာျဖစ္ျပီး တစ္အိမ္လွ်င္ ဆန္(ဆာလာအိပ္) ၁ အိပ္ နွင့္ ဆား ၁ ပိႆာ (သို့မဟုတ္) ေငြျဖင့္ ေပးေခ်မည္ဆိုလွ်င္ တစ္အိမ္ ၃၃၀ဝ၀ က်ပ္ေပးေဆာင္ရမည္ဟု ေျပာဆိုမွာၾကားခဲ့ေၾကာင္း သိရသည္။
ဒါအျပင္ ၄င္းမွဆက္လက္၍ KIA/KIO သည္ ကခ်င္းတိုင္းရင္းသားတာ ကာကြယ္ေစာက္ေရွာက္သည့္ အဖြဲ့အစည္းမဟုတ္ပဲ က်န္ရွိတိုင္းရင္းသားမ်ားလည္း ကာကြယ္ေစာက္ေရွာက္မည့္ အဖြဲ့အစည္းျဖစ္ေၾကာင္း ၊ သွ်မ္းျပည္ထဲတြင္ လာေရာက္လႈပ္ရွားသည္မွာ သွ်မ္းတိုင္းရင္းသားမ်ား၏ ပစၥည္းဥစၥာမ်ား လာေရာက္လုယူျခင္းမဟုတ္ေၾကာင္း နွင့္ အျခားအဖြဲ့အစည္းမွ ဆက္ေၾကးခြန္ေကာက္ခံျခင္းကိစၥသည္ အျခားအဖြဲ့အစည္းအတြက္သာျဖစ္ျပီး KIA/KIO မွ ဆက္ေၾကးခြန္ေတာင္းလာရင္လဲ KIA/KIO ထံဆက္ေၾကးေဆာင္ရမည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါသည္။
အဆိုပါ ဆက္ေၾကးေကာက္ခံသည့္ ကိစၥနွင့္ ပတ္သက္ျပီး ျပီးခဲ့သည့္ ၁ လ ခန့္အၾကာတြင္လည္း ပန္ဆိုင္းျမိဳ႕နယ္တြင္း ေဈးဆိုင္ဖြင့္ထားသည့္ ဆိုင္ရွင္မ်ားသည္ ေဈးဆိုင္တစ္ဆိုင္လွ်င္ ၁၅၀ဝ၀ဝ က်ပ္ျဖင့္ KIA/KIO ထံသို့ ဆက္ေၾကးခြန္ေပးေဆာင္ခဲ့ရေၾကာင္း ေဒသခံတစ္ဦး၏ သတင္းေပးပို့ခ်က္အရ သိရသည္။
ပန်ဆိုင်းမြို့နယ်တွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများအား KIA/KIO မှ ဆက်ကြေးခွန်ကောက်ခံ
Monday, September 23, 2019
သျှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်းမြို့နယ် ခါးလျန်ကျေးရွာတွင် KIA/KIO မှ ပန်ဆိုင်းမြို့နယ်တွင်း ရပ်ကွက်ဥက္ကဋ္ဌများ နှင့် ကျေးရွာဥက္ကဋ္ဌများအား ဖိတ်ခေါ်၍ ဆက်ကြေးခွန်ကောက်ခံမည့် ကိစ္စနှင့် ပတ်သက်ပြီး အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးအား ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခန့် ပန်ဆိုင်းမြို့ ၅ မိုင်ခန့်အကွာတည်ရှိသည့် ခါးလျန်ကျေးရွာတွင် ပြုလုပ်ခဲ့ပြီး KIA/KIO၏တာဝန်ရှိတစ်ဦးမှ ပန်ဆိုင်းမြို့နယ်တွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများသည် KIA/KIO ထံဆက်ကြေးခွန်ဆောင်ရမှာဖြစ်ပြီး တစ်အိမ်လျှင် ဆန်(ဆာလာအိပ်) ၁ အိပ် နှင့် ဆား ၁ ပိဿာ (သို့မဟုတ်) ငွေဖြင့် ပေးချေမည်ဆိုလျှင် တစ်အိမ် ၃၃၀ဝဝ ကျပ်ပေးဆောင်ရမည်ဟု ပြောဆိုမှာကြားခဲ့ကြောင်း သိရသည်။
ဒါအပြင် ၄င်းမှဆက်လက်၍ KIA/KIO သည် ကချင်းတိုင်းရင်းသားတာ ကာကွယ်စောက်ရှောက်သည့် အဖွဲ့အစည်းမဟုတ်ပဲ ကျန်ရှိတိုင်းရင်းသားများလည်း ကာကွယ်စောက်ရှောက်မည့် အဖွဲ့အစည်းဖြစ်ကြောင်း ၊ သျှမ်းပြည်ထဲတွင် လာရောက်လှုပ်ရှားသည်မှာ သျှမ်းတိုင်းရင်းသားများ၏ ပစ္စည်းဥစ္စာများ လာရောက်လုယူခြင်းမဟုတ်ကြောင်း နှင့် အခြားအဖွဲ့အစည်းမှ ဆက်ကြေးခွန်ကောက်ခံခြင်းကိစ္စသည် အခြားအဖွဲ့အစည်းအတွက်သာဖြစ်ပြီး KIA/KIO မှ ဆက်ကြေးခွန်တောင်းလာရင်လဲ KIA/KIO ထံဆက်ကြေးဆောင်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။
အဆိုပါ ဆက်ကြေးကောက်ခံသည့် ကိစ္စနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ၁ လ ခန့်အကြာတွင်လည်း ပန်ဆိုင်းမြို့နယ်တွင်း ဈေးဆိုင်ဖွင့်ထားသည့် ဆိုင်ရှင်များသည် ဈေးဆိုင်တစ်ဆိုင်လျှင် ၁၅၀ဝဝဝ ကျပ်ဖြင့် KIA/KIO ထံသို့ ဆက်ကြေးခွန်ပေးဆောင်ခဲ့ရကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။
#Ref_Taifreedom #Myanmar_Online_News #KIA #KIO
#ပန်ဆိုင်းမြို့နယ်






0 comments:
Post a Comment