ဖေ့ဘွတ်ကုမ္ပဏီက ပိုစ့်တွေမှာ like အရေအတွက် ဘယ်လောက်ရတယ်ဆိုတဲ့ ဖော်ပြချက်ကို ဖုံးကွယ်သွားတော့မယ်လို့ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။
like ရရှိတဲ့အရေအတွက်ကို ပိုစ့်ပိုင်ရှင်အနေနဲ့ မြင်တွေ့နိုင်ပေမဲ့ အခြားသူတွေကတော့ မြင်တွေ့နိုင်တော့မှာ မဟုတ်တော့ဘူးလို့ ဆိုပါတယ်။
ဒီလိုလုပ်ဆောင်တဲ့အတွက် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ဒါမှမဟုတ် မှတ်ချက်တွေမှာ like ဘယ်လောက်ရတယ်ဆိုတဲ့ ဖိအားကို လျော့ချနိုင်စေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လူတွေအနေနဲ့ like ရရှိနှုန်းထက် တင်လိုက်တဲ့ ပိုစ့်ပေါ်မှာ ပိုမိုအာရုံစိုက် လာနိုင်စေဖို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဖေ့ဘွတ် ကုမ္ပဏီပိုင် အင်စတာဂရမ်ကလည်း အခုနှစ်အစောပိုင်းထဲက like အရေအတွက်နဲ့ video ကြည့်ရှုသူ အရေအတွက်တွေ စမ်းသပ်ဖုံးကွယ်တာတွေကို အချို့နိုင်ငံတွေမှာ လုပ်ဆောင်ခဲ့တယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။
0 comments:
Post a Comment