Sunday, September 22, 2019

တပ္ထဲ၌ မဲ႐ုံမ်ားထားရွိျခင္းကုိ သေဘာမတူေၾကာင္း NLDပါတီ ဗဟုိအလုပ္အမႈေဆာင္အဖြဲ႕ အတြင္းေရးမွဴးအဖြဲ႕၀င္ ဦးဉာဏ္၀င္းမွေျပာျကား

Image may contain: 2 people, people sitting

စက္တင္ဘာ ၂၂ ရက္ ရန္ကုန္ၿမိဳ႕ရွိ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဌာနခ်ဳပ္႐ုံးတြင္ က်င္းပသည့္ ဗဟုိေကာ္မတီအစည္းအေ၀းအၿပီး သတင္းစာရွင္းလင္းပြဲအခမ္းအနား၌ ဗဟုိအလုပ္အမႈေဆာင္အဖြဲ႕ အတြင္းေရးမွဴးအဖြဲ႕၀င္ ဦးဉာဏ္၀င္းမွ ‘‘ကြၽန္ေတာ္တို႔က ဒီမုိကေရစီႏုိင္ငံသြားမွာ၊ အားလုံးက အညီအမွ်ပဲျဖစ္ေစခ်င္တယ္။ အဲဒီတပ္မဲနဲ႔ပတ္သက္လုိ႔ရွိရင္ တပ္ထဲမွာ မဲ႐ုံလုပ္တာကအစ ကြၽန္ေတာ္သေဘာမတူႏုိင္ဘူး’’ ဟု တပ္တြင္းမဲရံုထားရွိမွုႏွင့္ ပတ္သတ္၍ ေျပာျကားခဲ့သည္။

အဆုိပါကိစၥႏွင့္ပတ္သက္၍ ေရြးေကာက္ပြဲက်င္းပသည့္အႀကိမ္တိုင္းတြင္ သေဘာမတူဟု ကန္႔ကြက္ေသာ္လည္း မေအာင္ျမင္ခဲ့ေၾကာင္း၊ ယခုကိစၥသည္ ဥပေဒျပႆနာျဖစ္၍ ပါတီအေနျဖင့္ မူလရပ္တည္ခ်က္အတုိင္း ဆက္လက္ေတာင္းဆုိမည္ ျဖစ္ေၾကာင္းဦးဉာဏ္၀င္းက ေျပာသည္။
စက္တင္ဘာ ၂၁ ရက္ႏွင့္ ၂၂ ရက္တြင္ က်င္းပေသာဒီခ်ဳပ္ ဗဟုိေကာ္မတီအစည္းအေ၀း၌ တုိင္းရင္းသားေရးရာေကာ္မတီ တစ္ရပ္ဖြဲ႕စည္းျခင္းႏွင့္ ၂၀၂၀ ေရြးေကာက္ပြဲေအာင္ႏုိင္ေရးဟူ သည့္အခ်က္မ်ားအပါအ၀င္ ဆုံးျဖတ္ခ်က္(၅)ခ်က္ႏွင့္ ေရွ႕လုပ္ငန္းစဥ္ (၃)ရပ္ခ်မွတ္ခဲ့ေျကာင္းသိရွိရသည္။
<<Unicode>>
တပ်ထဲ၌ မဲရုံများထားရှိခြင်းကို သဘောမတူကြောင်း NLDပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းမှပြောကြား
Monday, September 23, 2019

စက်တင်ဘာ ၂၂ ရက် ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဌာနချုပ်ရုံးတွင် ကျင်းပသည့် ဗဟိုကော်မတီအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲအခမ်းအနား၌ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းမှ ‘‘ကျွန်တော်တို့က ဒီမိုကရေစီနိုင်ငံသွားမှာ၊ အားလုံးက အညီအမျှပဲဖြစ်စေချင်တယ်။ အဲဒီတပ်မဲနဲ့ပတ်သက်လို့ရှိရင် တပ်ထဲမှာ မဲရုံလုပ်တာကအစ ကျွန်တော်သဘောမတူနိုင်ဘူး’’ ဟု တပ်တွင်းမဲရုံထားရှိမှုနှင့် ပတ်သတ်၍ ပြောကြားခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရွေးကောက်ပွဲကျင်းပသည့်အကြိမ်တိုင်းတွင် သဘောမတူဟု ကန့်ကွက်သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ ယခုကိစ္စသည် ဥပဒေပြဿနာဖြစ်၍ ပါတီအနေဖြင့် မူလရပ်တည်ချက်အတိုင်း ဆက်လက်တောင်းဆိုမည် ဖြစ်ကြောင်းဦးဉာဏ်ဝင်းက ပြောသည်။
စက်တင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်တွင် ကျင်းပသောဒီချုပ် ဗဟိုကော်မတီအစည်းအဝေး၌ တိုင်းရင်းသားရေးရာကော်မတီ တစ်ရပ်ဖွဲ့စည်းခြင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးဟူ သည့်အချက်များအပါအဝင် ဆုံးဖြတ်ချက်(၅)ချက်နှင့် ရှေ့လုပ်ငန်းစဉ် (၃)ရပ်ချမှတ်ခဲ့ကြောင်းသိရှိရသည်။
#NLD #Myanmar_Online_News #ဦးဉာဏ်ဝင်း

0 comments:

Post a Comment