Monday, September 9, 2019

TNLA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသော တိုက်မိုင်း တစ်လုံးအား တိုက်မိပေါက်ကွဲခဲ့သဖြင့် ဒေသခံပြည်သူတစ်ဦး ဒဏ်ရာရ

Image may contain: one or more people, people sitting, shoes and indoor
TNLA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသော တိုက်မိုင်း တစ်လုံးအား တိုက်မိပေါက်ကွဲခဲ့သဖြင့် ဒေသခံပြည်သူတစ်ဦး ဒဏ်ရာရ ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းငေါ့ မြို့နယ်ခွဲ၊ ဟင်းကြိုင်းကျေးရွာနေ ဦးကျော်ခိုင်သည် စက်တင်ဘာ ၈ ရက် နေ့လယ်ပိုင်းတွင် ဆန်စီကျေးရွာနှင့် ဟင်းကြိုင်းကျေးရွာသွား ကားလမ်း၏မြောက်ဘက် တောင်ယာခင်း တစ်ဝိုက်သို့ ကျွဲကျောင်းရန် သွားရောက်စဉ် မွန်းလွဲ ၂ နာရီခန့်တွင် ဟင်းကြိုင်းကျေးရွာ၏ အနောက်တောင်ဘက် မီတာ၂ဝဝဝ ခန့်အကွာသို့ အရောက်၌ TNLA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသော တိုက်မိုင်း တစ်လုံးအား တိုက်မိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ မိုင်းထိလူနာအား ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေလျက်ရှိကြောင်းလည်း သိရသည်။

#တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံ

0 comments:

Post a Comment