Wednesday, February 28, 2018

လက်ရှိကျောင်းသားများပါဝင်သည့် ရွေးကောက်ခံကျောင်းသားသမဂ္ဂများဖွဲ့စည်းရေး ကူညီပံ့ပိုးပေးမှုသည် ပညာရေးဝန်ကြီးဌာန၏ မူဝါဒဖြစ်ဟုဆို


လက်ရှိ တက္ကသိုလ်တက် ရောက်နေသည့် ကျောင်းသား များပါဝင်သည့် ရွေးကောက်ခံ ကျော်းသားသမဂ္ဂများ တက္ကသိုလ် တိုင်းတွင် ဖွဲ့စည်းရေးကို ကူညီပံ့ ပိုးပေးမှုသည် ပညာရေးဝန်ကြီး ဌာန၏ မူဝါဒဖြစ်သည်ဟု ပညာ ရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာအောင်အောင်မင်း က ပြောသည်။
 

ငြိမ်းချမ်းရေးညီလာခံ ရပ်တန့်နေပြီး နိုင်ငံရေးမဆွေးနွေးနိုင်ပါက တိုင်းရင်းသားပြည်သူများ၏ ငြိမ်းချမ်းရေးမျှော်လင့်ချက် မှေးမှိန်နေမည်ဟု UPDJC ဒုဥက္ကဋ္ဌပြော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနှင့် လူထုတွေ့ဆုံပွဲများ ကျင်းပနိုင်ရေး ကူညီရန်လိုအပ်ဟု အပစ်ရပ်အဖွဲ့များ တောင်းဆို


ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံအစည်းအဝေးများ ကျင်းပနိုင်ခြင်းမရှိဘဲ ရပ်တန့်နေပြီး နိုင်ငံရေး ဆွေးနွေးပွဲများ ကြန့်ကြာ နေမည်ဆိုပါက တိုင်းရင်းသားပြည်သူများ၏ ငြိမ်းချမ်းရေးမျှော်လင့်ချက် မှေးမှိန်နေဦးမည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC) ဒုဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားသည်။

YBS ၂၀ ပေါ်တွင် ခရီးသည် အမျိုးသမီးနှင့် စကားများခဲ့သူ မလာရောက်၍ ထပ်မံရုံးချိန်း


YBS ၂၀ ပေါ်တွင် ကုမ္ပဏီမှပိုင်ရှင်ကဲ့သို့ ပြောဆိုခဲ့ပြီး ခရီးသည်အမျိုးသမီးတစ်ဦးနှင့် စကားများခဲ့ကာ  ကိုယ် ထိလက်ရောက် ပြုမူခဲ့သည့် အမျိုးသားအား ယနေ့ ဗိုလ်တစ်ထောင်မြို့နယ်တရားရုံး၌ ရုံးထုတ် စစ်ဆေး မည်ဖြစ်သော်လည်း လာရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ဒေါ်နယ်ထရမ့်၏ သားမက် အိမ်ဖြူတော်ထိပ်တန်းလျှို့ဝှက်အချက်အလက်များ အသုံးပြုခွင့် ဆုံးရှုံး


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သားမက်ဖြစ်သလို အကြီးတန်းအကြံပေးပုဂ္ဂိုလ် ဖြစ်တဲ့ ဂျရက် ခက်ရှ်နာဟာ ခုချိန်မှာ အိမ်ဖြူတော် ထိပ်တန်းအဆင့် လျှို့ဝှက်အချက်အလက်များ ရယူအသုံးပြုခွင့်ကို ဆုံးရှုံးထားခဲ့ကြောင်း နီးစပ်သူများက ဖွင့်ဟပြောဆိုသွားပါတယ်။

အပစ်ရပ်လက်မှတ်ထိုးရေး အစိုးရ နဲ့ KNPP သီးသန့်ဆွေးနွေးရန် စီစဉ်ထား


အစိုးရ နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့အကြား အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးရေး သီးသန့်ဆွေးနွေးရန် မတ်လဆန်းတွင် စီစဉ်ထားသည်ဟု သိရသည်။

မကွေးကျောင်းဆရာတော်ဦးပါမောက္ခ ပြန်လွတ်​​​ တော့မည်


လာမည့် မတ်လ ၉ ရက်နေ့တွင် နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင် ဒဏ် ၃ လ ချမှတ်ခံခဲ့ရသည့် မကွေးကျောင်း ဆရာတော် ဦးပါမောက္ခ ပြန်လည်လွတ်မြောက်တော့ မည်ဖြစ်ကြောင်း သိရသည်။

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ထောင်မည့် သဘောတူစာချုပ်လွှတ်တော်အတည်ပြု


နိုင်ငံတော်ကို ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရမယ်ဆိုတဲ့ အချက် ပါဝင်တဲ့ ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း ၁ ကို ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုလိုက် ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေး ပေါင်းတည်တွင် ဆန္ဒပြ


ပြည်သူ့ဆန္ဒ မပါဝင်ဘဲ ရေးဆွဲထားသည်ဟုဆိုကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေးအတွက် ပေါင်းတည်မြို့တွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီခန့်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်းဆန္ဒပြပွဲ ဦးဆောင်သူများထံမှ သိရသည်။

နိုင်ငံရေးဆွေးနွေးပွဲ ရှေ့မတိုးနောက်မဆုတ်နိုင်ဖြစ်နေဟု အစိုးရပြော


ရှေ့မတိုးနိုင်၊ နောက်မဆုတ်နိုင်ဖြစ်နေရတဲ့ အနေအထားကြောင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကြံ့ကြာနေအုံး မယ်ဆိုရင် တိုင်းရင်းသားပြည်သူတွေရဲ့ မျှော်လင့်ချက် မှေးမှိန်နေအုံးမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောပါတယ်။

မွန်​ပြည်​သစ်​ပါတီနှင့် လားဟူဒီမိုကရက်​တစ်​ပါတီတို့ကို UPDJC အဖွဲ့ဝင်​အဖြစ်​ တရားဝင်​လက်​ခံ


မကြာသေးခင်ကမှ အန်စီအေ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ မွန်​ပြည်​သစ်​ပါတီနဲ့ လားဟူဒီမိုကရက်​တစ်​ပါတီတို့ကို UPDJC အဖွဲ့ဝင်​အဖြစ်​ တရားဝင်​ လက်​ခံလိုက်​ပြီ ဖြစ်​ပါတယ်​။

Monday, February 26, 2018

သမိုင်းတစ်လျှောက် စိန်ခေါ်မှုအများဆုံးကြုံတွေ့နေသည့်ကာလဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား


မြန်မာနိုင်ငံအနေ ဖြင့် လက်ရှိတွင် စိုးရိမ်စရာ ကောင်းသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရပြီး ယင်းအခြေ အနေ များကြောင့် နိုင်ငံတကာ  အသိုင်းအ၀ိုင်းနှင့် ချိတ်ဆက်ဆောင်ရွက် မှုများ အားကောင်းအောင် လုပ်ရန် လိုအပ်လာကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က    ဒေါ် အောင်ဆန်းစုကြည်က    ပြော ကြားသည်။

အဆိုပြုဝန်ကြီးလောင်းနှစ်ဦး အမည်စာရင်း ဝန်ကြီးချုပ်ကိုယ်တိုင် ပြန်လည်ရုပ်သိမ်း



မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် လစ်လပ်နေသော ဝန်ကြီးနှစ်နေရာအတွက် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက တိုင်း ဒေသကြီးလွှတ်တော်သို့ တင်သွင်းထားသည့် အမည်စာရင်းကို ၎င်းကိုယ်တိုင် ပြန်လည်ရုပ် သိမ်းခဲ့ကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတာ က ကြေညာသည်။

ဘာလင်မြို့ ရခိုင်အရေးညီလာခံ တက်ရောက်ခွင့်မရခြင်းအပေါ် ဒေါက်တာအောင်ထွန်းသက်နှင့် တာဝန်ရှိသူများ ရှင်းလင်း


ဂျာမနီနိုင်ငံ ဘာလင် မြို့တွင်  ပြုလုပ်သော ရခိုင်အရေး နှင့်သက်ဆိုင်သည့် ညီလာခံသို့ တက်ရောက်ခွင့် မရခြင်းကြောင့် ရခိုင်ပြည်နယ်အရေးနှင့် ပတ် သက်၍ လွတ်လပ်စွာ ထုတ်ဖော် တင်ပြနိုင်မည့် အခွင့်အလမ်း ဆုံးရှုံးခဲ့ကြောင်း UEHRD ညှိနှိုင်း ရေးမှူးချုပ် ဒေါက်တာ အောင် ထွန်းသက်က ပြောသည်။
 

စစ်တွေမိုင်းကွဲမှုနှင့်ပတ်သက်၍ သံသယရှိသူလေးဦးကို ရုံးထုတ်


စစ်တွေမြို့တွင် ချိန်ကိုက်မိုင်း သုံးလုံးပေါက်ကွဲမှုကြောင့် သံသယရှိသည်ဟုဆိုကာ နိုင်ငံရေးအကျဉ်း သားဟောင်း တစ်ဦးအပါအဝင် အမျိုးသားလေးဦးကိုဖမ်းဆီးပြီး ဖေဖော်ဝါရီလ ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲက မြို့နယ်တရားရုံးတွင် ရုံးထုတ်ကာ ချုပ်ရမန် ရယူစစ်ဆေးနေကြောင်း ဖမ်းဆီးခံရသူများထံမှ သိရသည်။

KIA ကြောင့် အပြစ်မဲ့ပြည်သူတွေ ဒုက္ခရောက်နေမှု တစ်နေ့တခြားပိုမိုများပြားလျက်ရှိနေ


ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖားကန့်မြို့နယ် ခွန်ဆိုင်ယန်ကျေးရွာနေမှာ နေထိုင်တဲ့ အပြစ်မဲ့ ပြည်သူ တစ်ယောက် KIA ထောင်ထားတဲ့ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရကာ မြစ်ကြီးနား ပြည်သူ့ဆေးရုံ မှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ 

ဘင်္ဂါလီတွေအပေါ် ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေကို ရပ်တန့် အောင်မလုပ်နိုင်ပါက ရာထူးက နုတ်ထွက်လိုက်ပါဟု ဒေါ်အောင်ဆန်းစုကြည်ကို ယီမင်နိုဗယ်ဆုရှင် တောင်းဆို


 ဖေဖော်ဝါရီ ၂၅ ရက်နေ့ က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင် အူခီယာဒေသမှာရှိတဲ့ ဒုက္ခသည်စခန်းကို အမျိုးသမီး နိုဗယ်ဆုရှင်သုံးဦးသွားရောက်ခဲ့ပြီး ယင်းတို့ ထဲကယီမင်နိုင်ငံသူ နိုဗယ်ဆုရှင်ကမြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  ဘင်္ဂါလီတွေအပေါ် ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေကို ရပ်တန့်အောင်မလုပ်နိုင်ရင် ရာထူးက နုတ်ထွက်ဖို့  တောင်းဆိုလိုက်ကြောင်း ဒါကာထရီဗြွန်းသတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။

Friday, February 23, 2018

RCSS ဥက္ကဌ အဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ် ကို ဆက်လက်ရွေးကောက်တင်မြှောက်


လာမယ့် ၄ နှစ်သက်တမ်းအတွက် ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA ရဲ့ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ်ကို ထပ်မံရွေးကောက်တင်မြှောက်လိုက်ကြောင်း သိရပါ တယ်။

လိပ်ကျွန်း သေဒဏ်ကျ မြန်မာနှစ်ဦး အမှု ခုခံ ချေပရန် ထိုင်းရှေ့နေများဘက်မှ အဆင့်သင့်မဖြစ်သေး


လိပ်ကျွန်း လူသတ်မှုဖြင့် သေဒဏ် ကျခံရသော မြန်မာနိုင်ငံသား နှစ်ဦးအမှု နောက်ဆုံးအယူခံအပေါ် ထိုင်းရှေ့နေဘက်မှ ချေပရန် အဆင်သင့်မဖြစ်သေးသဖြင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ သို့ထပ်မံ ရက်ချိန်း တောင်းဆိုလိုက်သည်။

လားရှိုးမြို့ဗုံးပေါက်ကွဲမှုတွင် သေဆုံး၊ ဒဏ်ရာရရှိသူများအား ထောက်ပံ့ငွေများပေးအပ်


ရှမ်းပြည်နယ် လားရှိုးမြို့ ရိုးမဘဏ်အနီး မိုင်းပေါက်ကွဲမှုမှာ သေဆုံး၊ ဒဏ်ရာရရှိသူတွေအတွက် ရှမ်းပြည် နယ်အစိုးရအဖွဲ့က ဖေဖော်ဝါရီ ၂၂ ရက်မနက်က ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ အစိုးရက သတင်း ထုတ်ပြန်ပါတယ်။

Other account များ ဦးသိန်းစိန်အစိုးရ၏ စီမံခန့်ခွဲမှုအမှား မဟုတ်ဟု ဝန်ကြီးဟောင်းရှင်း


ဝန်ကြီးဌာနတွေရဲ့ Other account တွေဟာ သမ္မတဦးသိန်းစိန် အစိုးရအနေနဲ့ မရိုးဖြောင့်တဲ့သဘောနဲ့ တမင်ရည်ရွယ်လုပ်ခဲ့တဲ့ စီမံခန့်ခွဲမှုအမှား မဟုတ်ဘူးလို့ ဝန်ကြီးဟောင်း ဦးတင်နိုင်သိန်းက ပြောပါတယ်။

ပြည်သူကိုအလေးမထားသည့် NLD ခေါင်းဆောင်များအလိုမရှိဟု ဇီးကုန်းမြို့တွင် ဆန္ဒပြ


ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း သာယာဝတီခရိုင် ဇီးကုန်းမြို့မှာ  ဖေဖော်ဝါရီ ၂၃ ရက် မနက်က  ဇီးကုန်း မြို့နယ်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်တွေကို   မြို့ခံ ၃၀လောက်က ကန့်ကွက် ဆန္ဒပြ ခဲ့ကြပါတယ်။

၁၀ တန်းအောင်ချက် သုညသာ ရှိသည့်ကျောင်းများ အောင်ချက်ကောင်းအောင် လုပ်ဆောင်နေ


စစ်ကိုင်းတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ ၂၀၁၆-၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက် သုညသာရှိတဲ့ စာစစ်ဌာန ၁၀ခုရှိခဲ့တဲ့အတွက် အခုနှစ်မှာ အောင်ချက်ကောင်းအောင်လုပ်ဆောင်ဖို့ တိုင်း ပညာရေးဌာနက ကြိုးပမ်းနေပါတယ်။

လွှတ်တော်ရေးရာကော်မတီမှ တင်ပြထားသော ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေမူကြမ်းကို အတည်ပြုပါက စည်ပင်ရွေးကောက်ပွဲများ မြန်မြန်လုပ်နိုင်မည်ဟု ဒေါက်တာ ညိုညိုသင်း ပြော


လက်ရှိ ကျင့်သုံးနေသည့် စည်ပင်ဥပဒေကိုပယ်၍ လွှတ်တော်ရေးရာကော်မတီမှ တင်ပြထားသော ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေမူကြမ်းကို အတည်ပြုပါက စည်ပင်ရွေးကောက်ပွဲများ မြန်မြန် လုပ်နိုင်မည်ဖြစ်ကြောင်း ဖေဖေါ်ဝါရီ၂၂ ရက် ရန်ကုန်မြို့ အောကစ်ဟိုတယ် ၌ ကျင်းပသော ပူးပေါင်းဆယ့် တစ်ဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်စောင့်ကြည့်အဖွဲ့မှ ဒေါက်တာညိုညိုသင်းက ပြောသည်။

ပျောက်ဆုံး ကျောင်းသူ ၇၆ ယောက်ကို နိုင်ဂျီးရီးယားစစ်တပ် ကယ်တင်


နိုင်ဂျီးရီးယားနိုင်ငံအတွင်း ဘိုကိုဟာရမ် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် ပျောက်နေတဲ့ ကျောင်းသူ ၇၆ ယောက်ကို ပြန်ကယ်နိုင်ခဲ့ပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံ ယိုဘေပြည်နယ်မှာ ဘိုကိုဟာရမ် စစ်သွေးကြွတွေ ရဲ့ တိုက်ခိုက်မှုအတွင်း ကျောင်းသူတွေ ပျောက်ဆုံးနေခဲ့တာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အာရဗီစာသင်ကျောင်းများကို ဖျက်သိမ်းရန်နှင့် အစိုးရစာသင်ကျောင်းများဖြင့် အစားထိုးရန် ရခိုင်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး


ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အာရဗီစာသင်ကျောင်းများကို ဖျက်သိမ်းရန် အစိုးရစာသင်ကျောင်းများနှင့် အစားထိုးရန်နှင့် ဗလီအရေအတွက်အား ကန့်သတ်ခြင်း၊ ဗလီဆရာများအား အစွန်းမရောက်သည့် သဘော ထားမျှတသူများဖြစ်လာစေရန် စီမံဆောင်ရွက်သင့်ကြောင်း ရခိုင်ပြည်နယ်မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောကြားသည်။

အရှုံးမပေးတဲ့ဝိညာဉ်လို့ အမည်ပေးထားတဲ့ ဘီလီလမင်းအေးရဲ့အခွေသစ်


အရှုံးမပေးတဲ့ ၀ိညာဉ်’ သီချင်းသည် ၎င်း၏ Myanmar Idol သီချင်းဆိုပြိုင်ပွဲတစ်လျှောက် ကြုံတွေ့ခဲ့ရသည့် အကြောင်းအရာများကို တေးရေးဆောင်းဦးလှိုင်က ပုံဖော်ရေးသားထားခြင်းဖြစ်ကြောင်း ပထမဆုံးတစ် ကိုယ် တော်စီးရီးခွေ၏ ခေါင်းစီးတေးသီချင်းနှင့်ပတ်သက်၍ ဘီလီလမင်းအေးက ပြောသည်။

ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈ ဖျက်သိမ်းသင့်ကြောင်း ဒေါ်ညိုညိုသင်းဝေဖန်


လေးကြိမ်မြောက်ပြင်ဆင်မည့် ငြိမ်းစုစီဥပဒေပုဒ်မ ၁၈ သည် ဆန္ဒထုတ်ဖော်မည့်သူများအတွက် အန္တရာယ် ရှိပြီး ဒီမိုကရေ စီစနစ်တွင် မရှိသင့်သည့် ပုဒ်မတစ်ခုဖြစ်သဖြင့် ယင်းပုဒ်မကို ဖျက်သိမ်းသင့်ကြောင်း လွှတ် တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းက ပြော ကြားသည်။

အောင်ဝင်းဇော်က ဦးအောင်စိုးကို လူသတ်ပေးရန်ကမ်းလှမ်းခဲ့မှု တရားရုံးတွင် သက်သေမပြနိုင်ကြောင်းတရားခံရှေ့နေပြော အသံဖိုင်များ လုံခြုံသည့်နေရာတွင် သိမ်းထားကြောင်း ဦးအောင်စိုးတုံ့ပြန်


တရားလွှတ်တော်ရှေ့ နေဦးကိုနီလုပ်ကြံရမှုနှင့် ပတ်သက်ပြီး အင်းစိန်အောင်စိုးက ခိုင်လုံသည့် သက်သေ အသံဖိုင်များကို လုံခြုံသည့်နေရာ သုံးနေ ရာတွင် သိမ်းဆည်းထားကြောင်း မြောက်ပိုင်းခရိုင် တရားရုံးသို့ သက်သေလာရောက်ထွက်ဆိုစဉ်မီဒီယာများအားပြောကြားသည်။

အောင်ဝင်းထွန်း ကျပ်သိန်း ၅၀၀ ဖြင့် အာမခံရ


တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုတွင် တစ်နှစ်ကျော် အမှုရင်ဆိုင် ပြီးနောက် စွဲချက်တင်ခံထား ရသည့် အောင် ဝင်းထွန်းအား အထူးခုံရုံးက ကျပ်သိန်း ၅၀၀ ဖြင့် ယမန်နေ့၌ အာမခံပေးခဲ့သည်။

FDA ၀န်ထမ်းကို အဓမ္မပြုကျင့်သတ်ဖြတ်သူအား ပုဒ်မလေးခုဖြင့်တရားစွဲ


FDA ၀န်ထမ်းအမျိုးသမီးကို မုဒိမ်းကျင့်သတ်ဖြတ်သည်ဟု ၀န်ခံထားသူ မျိုးဇော်ဦး (ခေါ်) ဆီဒိုးနားအား လူသတ်မှု၊ မုဒိမ်းမှုအပါအ၀င် ပုဒ်မလေးခု ဖြင့် အရှေ့ပိုင်းခရိုင်တရားရုံးတွင် တရားစွဲတင်ခဲ့သည်။

လားရှိုးရိုးမဘဏ်အား မိုင်းခွဲမှုသည် လူမဆန်သောလုပ်ရပ်ဖြစ်ကြောင်း ဘဏ်အမှုဆောင်ဥက္ကဋ္ဌပြော


လားရှိုးမြို့ရှိ ရိုးမဘဏ်တွင် ဖြစ်ပွားခဲ့သော မိုင်းပေါက်ကွဲမှုအကြမ်းဖက်လုပ်ရပ်သည် လူမဆန်သောလုပ် ရပ်ဖြစ်ကြောင်း ဘဏ်အမှုဆောင်ဥက္ကဋ္ဌ ဦးသိမ်းဝေက ပြောကြားသည်။ လားရှိုးမြို့ ရိုးမဘဏ်ခွဲ(၁) တွင် ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၄ နာရီ မိနစ် ၄၀ က ပြင်းထန် သော မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နောက် ဘဏ်ဝန်ထမ်းနှစ်ဦးသေ ဆုံးကာ အရပ်သားနှင့် ဘဏ်ဝန် ထမ်းများအပါအဝင် ၂၂ ဦး ဒဏ် ရာရခဲ့သည်။ 

Thursday, February 22, 2018

နိုင်ငံတော်အတိုင်ပင်ခံနှင့် တိုင်းရင်းသားလူငယ်များ ငြိမ်းချမ်းရေးစကားဝိုင်း မော်လမြိုင်တွင် ကျင်းပမည်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလူငယ်များ ငြိမ်းချမ်းရေးစကားဝိုင်း ကို မော်လမြိုင်တက္ကသိုလ်တွင် ယခုဖေဖော်ဝါရီလထဲတွင်ပင် ကျင်းပသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရဖွဲ့မှ သိရသည်။

၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရရှိသော လူမျိုးများ စာရင်းမှာ အငြင်းပွားဖွယ်ရာများရှိ ၊ သမ္မတရုံးနှင့် အစိုးရအဖွဲ့ထံ တင်ပြထား ဟုဆို


၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းမှ ကောက်ယူရရှိသော လူမျိုးများစာရင်းမှာ အငြင်းပွားဖွယ်ရာများရှိသဖြင့် နိုင်ငံတော်သမ္မတရုံးနှင့် ပြည် ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထားပြီး အဆင့်ဆင့်ဆွေးနွေးမှုများ ပြုလုပ်ပြီးမှ ထုတ်ပြန်သွားမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

ရခိုင်မြောက်ပိုင်း အစိုးရလုပ်ငန်းစဉ်တွေအပေါ် ANP ဝေဖန်


ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ ပြန်လည် ထူထောင်ရေးနဲ့ တဖက် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေး သွားကြတဲ့ ဒုက္ခသည်တွေ ပြန်လက်ခံရေး အစိုးရရဲ့ လုပ်ငန်းစဉ်တွေဟာ ပွင့်လင်းမြင်သာမှု မရှိသလို ဒေသခံတွေနဲ့ ညှိနှိုင်း တိုင်ပင်တာ မရှိတဲ့အတွက် စိတ်ပျက်မိကြောင်း ဘူးသီးတောင် မဲဆန္ဒနယ် ကိုယ်စားပြု ရခိုင်အမျိုးသားပါတီ လွှတ်တော်အမတ်က ပြောကြားလိုက်ပါတယ်။ အစိုးရအနေနဲ့ အလုပ်ဖြစ်ရေးကို ဦးစားပေးနေ လုပ်ကိုင်နေတဲ့အတွက် ဒေသခံတွေနဲ့ သဘောထားကွဲပြားမှု ရှိနေတာဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဘင်္ဂါလီဒုက္ခသည် ၆၅၀၀ တွင် ARSA ခေါင်းဆောင်များ၏ သားသမီးများပါဝင်


ရခိုင်ပြည်နယ် ပဋိပက္ခကိုအကြောင်းပြုပြီး လူနေထိုင်ခွင့်မရှိသည့် နှစ်နိုင်ငံနယ်စပ် (မြန်မာနိုင်ငံနှင့် နီးသော နယ်မြေတွင်) ရောက်ရှိနေထိုင်နေသော ဘင်္ဂါလီ ၆၅၀၀ တွင် ARSA အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်အချို့၏ သားသမီးများ ပါဝင်နေသည်ဟု သတင်းရရှိထားကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူး ချုပ် ဦးဇော်ဌေးက ပြောကြားသည်။

နိုင်ငံရေးထောင်ချောက်ဆင်ရန် နယ်စပ် Zero Line အတွင်း နေထိုင်ဟု အစိုးရထုတ်ပြန်


မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် Zero Line Area အတွင်း တရားမ၀င် သွားရောက် နေထိုင်ကြ သူတွေဟာ နိုင်ငံရေးထောင်ချောက်ဆင်ဖို့ ရည်ရွယ်ချက်နဲ့ ၀င်ရောက်နေထိုင် နေကြတယ်လို့ အစိုးရသတင်း ထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို တတိယအကြိမ်ရုံးထုတ်


ရသေ့တောင်မြို့ နယ်စာပေဟောပြောပွဲနှင့် ပတ်သက်၍ အမှုဖွင့်ခံထားရသူ ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို ဖေဖော်ဝါရီ ၂၁ ရက်က စစ်တွေခရိုင်တရားရုံးတွင် တတိယအကြိမ် ရုံးထုတ်စစ် ဆေးခဲ့သည်။

ကျန်းမာရေးမကောင်းသော မြန်မာငါးဖမ်းသမားနှစ်ဦးကို ထိုင်းစစ်တပ်က ရဟတ်ယာဉ်ဖြင့် ရနောင်းဆေးရုံသို့ ပို့ဆောင်ပေး


ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်ရှိ ပင်လယ်ပြင်၌ ငါး ဖမ်းလှေတစ်စီးပေါ်တွင် ကျန်းမာ ရေးမကောင်းဖြစ်နေ သည့် မြန်မာငါးဖမ်းလုပ်သားနှစ်ဦးကို ထိုင်းစစ်တပ်က ရဟတ်ယာဉ်ဖြင့် ခေါ် ဆောင်ပြီးရနောင်းမြို့ရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

Wednesday, February 21, 2018

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဥပဒေအရ နေထိုင်ခွင့်မရှိသောနေရာတွင် လာရောက်နေထိုင်သည့် ဘင်္ဂါလီ ၆၅၀၀ ခန့်အား အကြမ်းဖက်သမားများပါရှိခြင်း ရှိ မရှိ စာရင်းကောက်ယူစစ်ဆေးမည်


မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဥပဒေအရ နေထိုင်ခွင့်မရှိသော No Man Land ဧရိယာတွင် လာရောက်နေထိုင်သည့် ဘင်္ဂါလီ ၆၅၀၀ ခန့်အား အကြမ်းဖက်သမားများပါရှိခြင်း ရှိ မရှိ စာရင်းကောက်ယူ စစ်ဆေးမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

အစိုးရအဖွဲ့တွင် သမိုင်းပညာရှင်မပါ၍ မိမိတို့ ဖမ်းဆီးခံရခြင်းဟု ကိုဝေဟင်အောင် ပြောကြား


အစိုးရအဖွဲ့တွင် သမိုင်းနှင့် ပတ်သက်သည့် ပညာရှင်များ မပါဝင်သောကြောင့် မိမိတို့အား နိုင်ငံတော်ပုန်ကန် မှု ပုဒ်မ ဥပဒေဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု ရုံးတင်စစ်ဆေးခံနေရသူ ပရဟိတ စာရေးဆရာ ကိုဝေ ဟင်အောင်က ပြောကြားလိုက်သည်။

လားရှိုးရိုးမဘဏ် မိုင်းပေါက်ကွဲမှု နှစ်ဦးသေ၊ ၂၀ ကျော် ဒဏ်ရာရ


ရှမ်းပြည်နယ် (မြောက် ပိုင်း) လားရှိုးမြို့  ရိုးမဘဏ် ဘဏ်ခွဲ (၁) တွင် ယမန်နေ့ ညနေ ၄ နာရီခွဲဝန်းကျင်က မိုင်းပေါက် ကွဲရာ ဘဏ်ဝန်ထမ်းအမျိုးသမီး နှစ်ဦး သေဆုံးပြီး လူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

အဂတိလိုက်စားမှုမှ တရားခံပြေးများအား ဖမ်းဆီးရမိနိုင်ရေး သတင်းပေးတိုင်ကြားနိုင်ရန် ကိုယ်ရေးအချက်အလက်များ ထုတ်ပြန်


ထွက်ပြေးတိမ်းရှောင်နေသည့် အဂတိလိုက်စားမှုမှ တရားခံပြေးများအား ဖမ်းဆီးရမိနိုင်ရေး သတင်းပေးတိုင်ကြားနိုင်ရန် အတွက် ကိုယ်ရေးအချက် အလက်များကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မတရားငွေတောင်းခံနိုင်ထက်စီးနင်းလုပ်နေသည့် အထူးသတင်းထောက်များကိုအရေးယူရန် ပြည်ထဲရေးကို တင်ပြထား


မတရားငွေကြေးတောင်းခံမှုတွေနဲ့ နိုင်းထက်စီးနင်းပြုလုပ်နေတဲ့ အထူးသတင်း ထောက်ကိစ္စကို ပြည်ထဲရေးက အရေးယူဖို့  နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောပါတယ်။

နိုင်ငံတကာ ဗုဒ္ဓဓမ္မစင်တာ နေပြည်တော်တွင် တည်ဆောက်မည်


ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေး ပူးပေါင်းဆောင်ရွက်ရန် နေပြည်တော်မှာ နိုင်ငံတကာ ဗုဒ္ဓဓမ္မ စင်တာ တည်ဆောက်ဖို့  တရုတ်-မြန်မာ သဘောတူညီမှု ရရှိသွားတယ်လို့ အစိုးရပြန်ကြားရေး သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၁၇ မြန်မာ့ကျောက်မျက်ရတနာဥပဒေကြမ်းကို မြစ်ကြီးနားလူထုထောင်ချီဆန္ဒပြမည်


၂၀၁၇ မြန်မာ့ကျောက်မျက်ရတနာဥပဒေကြမ်းကို လာမယ့် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ဆန္ဒပြမှာဖြစ်တယ် လို့ မြစ်ကြီးနားခံတွေက ဒီကနေ့  သတင်းစာရှင်းလင်းပွဲပြုလုပ် ပြောကြားလိုက်ပါတယ်။

ဈေးကိစ္စမေးသည်ကို ကြွက်ကိစ္စလာဖြေကြောင်း လွှတ်တော်အမတ်ပြော


အင်းစိန်မြို့နယ်ရှိ ယိုးဒယားဈေး ရွှေ့ပြောင်းပေး နိုင်ခြင်းရှိ၊ မရှိ မေးမြန်းမှုကို အစိုးရက ကြွက်များရှင်းလင်း သည့်ကိစ္စကို လာရောက်ဖြေကြား ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၀) မှ အမျိုး သားလွှတ်တော် ကိုယ်စားလှယ် နော်လှလှစိုးက ပြောသည်။

ငြိမ်းချမ်းရေးအတွက် နှစ်ပေါင်း ၇၀ ထပ်စောင့်ရန် လုံးဝမဖြစ်နိုင်သဖြင့် ဝိုင်းဝန်း ကူညီရန် ဒေါ်အောင်ဆန်းစုကြည်ပန်ကြား


ငြိမ်းချမ်းရေးရရှိ ရေးအတွက် နှစ်ပေါင်း ၇၀ ထပ် စောင့်ရန် လုံးဝမဖြစ်နိုင်သဖြင့်  ဝိုင်းဝန်းကူညီကြရန် ဒေါ် အောင် ဆန်းစုကြည်က မေတ္တာရပ်ခံခဲ့သည်။နှစ်(၇၀)ပြည့် ချင်းအမျိုး သားနေ့အခမ်းအနားကို ယမန်နေ့ က နေပြည်တော်၌ ကျင်းပခဲ့ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြား ခဲ့သည်။

NCA တွင် လက်မှတ်မထိုးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား၂၁-ပင်လုံသို့ တက်ရောက်နိုင်ရန် အစိုးရအနေဖြင့် နည်းလမ်းရှာသင့်သည်ဟုဆို


NCA တွင် လက်မှတ်မရေးထိုးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁-ရာစုပင်လုံသို့ တက်ရောက်ဆွေးနွေးနိုင်ရန် အစိုးရအနေဖြင့် နည်းလမ်းရှာသင့်ဟု ယခင်က
ကချင်းလက်နက်ကိုင် အဖွဲ့ (KIO) ဒုဥက္ကဋ္ဌဟောင်းဖြစ်သူ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP) ပါတီ ဒေါက်တာတူးဂျာက The Ladies News သို့ သုံးသပ်ပြောကြားသည်။

ဝက်သယ်ယူမှု အငြင်းပွားခဲ့သူ မြိတ်မြို့နယ် NLD အလုပ်အမှုဆောင်အား ပါတီမှ ယာယီရပ်ဆိုင်း


ပါတီပုံရိပ်အား ထိခိုက်စွာပြောဆိုခဲ့သည့် မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အား ပါတီတာဝန်မှ ယာယီရပ်ဆိုင်းခဲ့ကြောင်း ယင်းမြို့နယ် NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးငြိမ်းချမ်းဦးက ပြောကြားသည်။

ဒိန်းပိုပိုဒေါင်ကို ဗေဒင်ဆရာ အောင်ချစ်ပိုက အသရေဖျက်မှုဖြင့် တရားစွဲ


ဟာသသရုပ်ဆောင် ဒိန်းဒေါင်၏သမီးဖြစ်သူ ဒိန်းပိုပိုဒေါင်ကို ဖေဖော်ဝါရီလ ၂၀ ရက် မွန်းလွဲပိုင်းက စမ်းချောင်းမြို့နယ်တရားရုံးတွင် အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် ဗေဒင်ဆရာ အောင်ချစ်ပိုက ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ကြောင်း တရားစွဲဆိုသူ ဗေဒင်ဆရာထံမှ သိရသည်။