Saturday, February 10, 2018

၇၁ နှစ်ပြည့် ပြည်ထောင်စုနေ့အခမ်းအနား မဟာဗန္ဓုလပန်းခြံတွင် တိုင်းအဆင့် ကျင်းပမည်


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၇၁ နှစ်ပြည့် ပြည်ထောင်စုနေ့ အခမ်းအနားကို ရန်ကုန်မြို့၊ မြို့တော် ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံတွင် နံနက် ၅ နာရီ၌ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနထံမှ သိရသည်။
အဆိုပါအခမ်းအနားကို တိုင်းအဆင့် ကျင်းပသွားမည်ဖြစ်ပြီး မဟာဗန္ဓုလပန်းခြံကို ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၂ ရက်နေ့ အခမ်းအနား ပြီးဆုံးချိန်အထိ ၃ ရက်တိုင်တိုင် ခေတ္တ ပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“မဟာဗန္ဓုလပန်းခြံမှာ ဒီနှစ်နဲ့ဆို ဒုတိယအကြိမ်မြောက် ကျင်းပတာပါ။ တိုင်းနဲ့ပြည်နယ်ရှိ တိုင်းရင်းသားတွေ ရဲ့ အလံတွေကို လွှင့်ထူသွားမယ်။ ပန်းခြံကိုတော့ အခမ်းအနား ပြီးတာနဲ့ ပြန်လည်ဖွင့်လှစ်ပေးမှာပါ”ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ၊ အစိုးရဌာနမှ တာဝန် ရှိသူများနှင့် တိုင်းရင်းသားလူမျိုးများတို့ တက်ရောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုနေ့ အခမ်းအနားအတွက် မဟာဗန္ဓုလပန်းခြံတွင် ဖေဖော်ဝါရီလ ၁၀ ရက်က အကြိုလေ့ကျင့်ပြင်ဆင်သည့် သရုပ်ပြလေ့ကျင့်ခြင်း အခမ်းအနားကို ကျင်းပပြု ခဲ့သည်။

ယခုအစိုးရလက်ထက်တွင် လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် ပြည်ထောင်စုနေ့ အခမ်းအနားတို့ကို ၂၀၁၇ ခုနှစ်မှစတင်ကာ ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံတွင် ကျင်းပပြုလုပ်ခဲ့သည်။

The Voice

0 comments:

Post a Comment