Friday, February 2, 2018

မဏ္ဍိုင်သုံးရပ် ရန်သူသဖွယ် သဘောမထားဘဲ နိုင်ငံ့အကျိုးအတွက် ညှိနှိုင်းဆောင်ရွက်ရန် အရေးကြီးဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား အဆင်မပြေမှုရှိပါက လွှတ်တော်ဥက္ကဋ္ဌထံတိုင်ရန် တပ်မတော်သားကိုယ်စားလှယ်များအားပြောကြား


တရားစီရင်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်တို့သည် ရန် သူသဖွယ်၊ ပြိုင်ဘက်သဖွယ် သဘောမထားဘဲ ရဲဘော်ရဲဘက်များသဖွယ် နိုင်ငံ့အကျိုးအတွက် ညှိနှိုင်းဆောင်ရွက်ရန် အရေးကြီး ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။
ထို့အပြင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် အဆင်မပြေမှု များရှိပါက လွှတ်တော်ဥက္ကဋ္ဌထံ တိုင်ကြားရန် ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားသည်။

ဒုတိယအကြိမ် လွှတ်တော်(၂)နှစ်ပြည့် အခမ်းအနားကို ယမန်နေ့က နေပြည်တော် လွှတ်တော် ဝင်းအတွင်း ကျင်းပရာ ဒေါ်အောင်ဆန်းစုကြည်က  ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ယင်းသို့ ထည့်သွင်းပြောကြား ခဲ့သည်။

၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲကစ၍ လွှတ်တော်အတွင်း သုံးနှစ်ခန့် ကျင်လည်ခဲ့ရ သည့် ကာလများ အတွင်း ၎င်းအ နေဖြင့် သင်ယူခွင့်များစွာ ရရှိခဲ့ပြီး အုပ်ချုပ်ရေးပိုင်းသို့ ရောက်ရှိ ချိန်တွင် အထောက်အကူ များစွာ ရရှိကြောင်း ၎င်းကဆိုသည်။

နိုင်ငံတိုးတက်ရေးနှင့် ဒီမို ကရေစီခိုင်မာရေး အရေးကြီး သည့် ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်နှင့် အုပ်ချုပ်ရေး မဏ္ဍိုင်တို့သည် တက်ညီလက်ညီ ဖြင့် ပြည်သူ့အကျိုး ထမ်းဆောင် ရန်လိုကြောင်း ၎င်းက ပြောသည်။

မဏ္ဍိုင်သုံးခုအကြား ထိန်း ညှိရန် တာဝန်ရှိသော်လည်း ပြိုင် ဆိုင်ရန်၊ ရန်ဖြစ်ရန် သဘောမျိုး မဟုတ်ဘဲ တစ်ဦးနှင့်တစ်ဦး မမှား အောင် နိုင်ငံ့အတွက် အကျိုးမရှိ သည့် ကိစ္စများ မပြုမိစေရန်၊ အ ကျိုးရှိသည့်ကိစ္စများ ပြုမိစေရန် ထိန်းပေးသည့် သဘောသာဖြစ် ကြောင်း ဆက်လက်ပြောသည်။

‘‘တရားစီရင်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့် အုပ်ချုပ် ရေးမဏ္ဍိုင်ဟာ ရဲဘော်ရဲဘက် များသဖွယ် ပန်း တိုင်ဖြစ်တဲ့ နိုင်ငံ့ အကျိုးအတွက် ညှိပြီးတော့ လုပ် သွားဖို့ အင်မတန်မှ အရေးကြီးပါတယ်’’ဟု ၎င်းက ပြောသည်။

ရဲဘော်ရဲဘက်များဆိုသည် မှာ တူညီသည့် ယုံကြည်မှုကို အခြေခံပြီး မိတ်ဆွေဆိုသည်မှာ ပုဂ္ဂိုလ်ရေးခင်မင်မှု အပေါ် အခြေခံသည်ဟုလည်း ရှင်းပြသည်။

‘‘အခု ဒီပွဲမှာဆိုလို့ရှိရင် မဏ္ဍိုင်ကြီးသုံးခုစလုံးက ဧည့် သည်တော်တွေ ပါဝင်ပါတယ်။ ကျွန်မတို့အချင်းချင်း ပုဂ္ဂိုလ်ရေး အရ ခင်မင်မှုဆိုတာလည်း အရေး ကြီးပါတယ်။ ဒါမှ အထစ်အငေါ့ လေးတွေရှိရင်၊  တစ်ယောက် နဲ့ တစ်ယောက် နားလည်မှု လွဲတာ လေးတွေရှိရင်၊  တစ်ယောက်နဲ့ တစ်ယောက် အထင်အမြင်မှား တာလေးတွေရှိလို့ရှိရင် ဒါတွေကို ချောမွေ့အောင် လုပ်နိုင်ဖို့ပါ’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။

လွှတ်တော်အတွင်း ရောက် ရှိနေသော ကိုယ်စားလှယ်များ သည် တစ်ဦးနှင့်တစ်ဦး မိတ်ဆွေ သဖွယ်၊ ရဲဘော်ရဲဘက်များသဖွယ် ဆက်ဆံရန် များစွာအရေးကြီး ကြောင်း ဒေါ်အောင်ဆန်းစုကြည် က သတိပေးပြောကြားပြီး ယင်း သို့ ဆက်ဆံနိုင်မှသာ နိုင်ငံနှင့် ပြည်သူများအကျိုးကို ထိရောက်စွာ ဆောင် ရွက်နိုင်မည်ဟု ပြောသည်။

အစိုးရသည် လွှတ်တော်အ ပေါ် အားကိုးရပြီး လွှတ်တော်တွင် အင်အားခိုင်မာမှု မရှိပါက အစိုးရ များ လုပ်ကိုင်ဆောင်ရွက်ရာတွင် အခက်အခဲများရှိသည်ကို တွေ့ရ ၍ လွှတ်တော်ကိုယ်စားလှယ်တစ် ဦးချင်း အရည်အချင်းပြည့်ဝကာ နိုင်ငံအပေါ် စေတနာပြည့်ဝစေ ချင်ကြောင်းလည်း ပြောသည်။

‘‘စေတနာလည်းရှိတယ်။ သစ္စာလည်းရှိတယ်ဆိုရင် ကျွန်မ တို့ သင်ယူရမယ်။ ကျွန်မတို့ သိ သင့်သိထိုက်တဲ့ လွှတ်တော်ကိုယ် စားလှယ်များ သိသင့်သိထိုက်တဲ့ ကိစ္စတွေကို သင်ယူဖို့၊ နားလည် ဖို့၊ ကျွမ်းကျင်ဖို့ အဲဒီဟာက နောက်တစ်ဆင့်ပါပဲ။ စေတနာ မရှိဘူး၊ သစ္စာမရှိဘူးဆိုလို့ရှိရင် ကျွမ်းကျင်မှုတွေကိုက အန္တရာယ် ဖြစ်လာနိုင်တယ်။ ဒါကြောင့်မို့လို့ ကိုယ့်ရဲ့ အရည်အချင်းတွေ၊ ကိုယ့် ရဲ့အင်အားတွေကို မှန်မှန်ကန် ကန်နဲ့ အကောင်းအတွက်သုံးဖို့ဆို တာဟာ လွှတ်တော်ကိုယ်စား လှယ်များအားလုံးရဲ့ တာဝန်ဖြစ် ပါတယ်’’ဟု ၎င်းက ဆိုသည်။

‘‘ကျွန်မက ရွေးကောက်တင် မြှောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေလို့ပြောလို့ ကျွန်မတို့ တပ်မတော်သား ကိုယ်စားလှယ်တွေ ကိုချန်ပြီး ပြောတာမဟုတ်ပါဘူး။ ဒါဟာ အားလုံးကနေ စုပေါင်းပြီး တော့ လုပ်ရပါမယ်။ နိုင်ငံအ တွက်ဆိုလို့ရှိရင် ဘယ်အစုအဖွဲ့ က ဘယ်အစုအဖွဲ့နဲ့ မတည့်နိုင်ဘူးဆိုတာ လုံးဝမရှိသင့်ဘူး။ နိုင်ငံအ ကျိုးအတွက် ပူးပေါင်းဆောင်ရွက် နိုင်ခြင်းမရှိဘူးဆိုတာ ဘယ် တော့မှ မဖြစ်ရဘူး။ နိုင်ငံအကျိုး အတွက်ဆိုရင် ဘယ်သူနဲ့မဆို ပူး ပေါင်းဆောင်ရွက်နိုင်ရမယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော ကြား သည်။

အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က အတိုက်အခံ သဘောသဘာဝနှင့်ပတ်သက်ပြီး ၎င်း၏ အမြင် ကို ပြောသည်။ အတိုက်အခံဆိုသည့် စကားရပ်ကို ၎င်းအနေဖြင့် သိပ်သဘောမတွေ့ ကြောင်း၊ အတိုက်အခံ ဆိုသည် မှာ နိုင်ငံ့အကျိုးကိုကြည့်ပြီး ကူညီ သင့်ပါက ကူညီရန်၊ အတူလက် တွဲဆောင်ရွက်သင့်ပါက လက် တွဲ ဆောင်ရွက်ရန် ထောက်ပြဝေဖန် သင့်ချိန်တွင် ထောက်ပြဝေဖန်ရ မည်ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။

‘‘အတိုက်အခံမို့လို့ ရန်သူဆို ပြီးတော့ ဒီလိုသဘောမထားသင့် ဘူး။ အတိုက်အခံများသည် ရန် သူဆိုတာ ဒီမိုကရေစီ စိတ်ဓာတ် မဟုတ်ပါဘူး’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အမြင်ချင်းမတူသော်လည်း မတူကွဲပြားမှုအပေါ် အခြေခံသည့် ညီညွတ်မှုကို ထူထောင်နိုင်ပါက စစ်မှန်သည့် ဒီမိုကရေစီစိတ် ဓာတ်ဖြစ်ကြောင်းလည်း ပြော သည်။

ညီညွတ်ရေး အမျိုးသားရင် ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး သည် နိုင်ငံအတွက် များစွာအရေး ကြီးကြောင်း ဒေါ်အောင်ဆန်းစု ကြည်က လွှတ်တော်ကိုယ်စား လှယ်များအား ရှင်းပြသည်။

‘‘ကျွန်မတို့နိုင်ငံဟာ စိန်ခေါ် မှု အမျိုးမျိုးနဲ့ ရင်ဆိုင်ရတယ်။ စိန် ခေါ်မှု အမျိုးမျိုးနဲ့ ရင်ဆိုင်ရတဲ့အ ခါမှာ ကျွန်မတို့ဟာ ရုပ်ပိုင်းဆိုင်ရာအရ အင်အားသိပ်ကြီးတဲ့ နိုင်ငံမဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာ အင်အားသိပ် မကြီးတဲ့နိုင်ငံမို့လို့ ကျွန်မတို့ဟာ စိတ်ပိုင်းဆိုင်ရာ အင်အား နဲ့ စုစည်းပြီး ညီညီညွတ်ညွတ်နဲ့ ကျွန်မတို့ နိုင်ငံအတွက် ရပ်တည်ဖို့ အင်မတန်မှ အရေးကြီးတယ် ဆိုတာကို ကျွန်မသတိပေးချင်ပါတယ်’’ဟု ၎င်းက ပြောသည်။

စုပေါင်းအင်အား၊ ညီညွတ် မှု၊ စိတ်ဓာတ်ခိုင်မာမှုဖြင့် ရပ် တည်နိုင်ပါက မည်သည့်အခက် အခဲကိုမဆို ကျော်လွှားနိုင်ပြီး ရုပ် ပိုင်းဆိုင်ရာ အင်အားများလည်း တည်ဆောက်နိုင်မည်ဟု  ဒေါ် အောင်ဆန်းစုကြည်က ပြော သည်။

တစ်ဦးချင်းမမှားပါက လွှတ် တော်ကြီးသည် မှားသည့်လမ်းကို မရောက်နိုင်ကြောင်း၊ လွှတ်တော် ကြီးမှား သည့် လမ်းကို မရောက်ပါ က နိုင်ငံသည်လည်း မှားသည့် လမ်းကို ရောက်မည်မဟုတ် ကြောင်း ၎င်းက ဆိုသည်။

‘‘ဒါကြောင့်မို့လို့ နိုင်ငံဟာ မှန်မှန်ကန်ကန်နဲ့ အားလုံးလိုလားတဲ့၊ စစ်မှန်တဲ့ဒီမိုကရေစီဖက် ဒရယ်ပြည်ထောင် စုကြီး ထူထောင်ဖို့ ချီတက်သွားတဲ့အခါမှာ လွှတ် တော်ကိုယ်စားလှယ်များဟာ ရှေ့ ကနေ နေဖို့လိုရင် ရှေ့ကနေ နေ ပေးပါ။ နောက်ကနေ ကာဖို့လိုရင် နောက်ကနေ ကာပေးပါ။ ဘေး ကနေ ရံဖို့လိုရင် ဘေး ကနေ ရံပေးကြပါ’’ဟု ဒေါ်အောင်ဆန်းစုကြည် က မေတ္တာရပ်ခံခဲ့သည်။

လွှတ်တော်များသည် တရား ဥပဒေစိုးမိုးရေးကို ဦးတည်မည့် အဆောက်အအုံများဖြစ်သည်ဟု မျှော် လင့်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။ ထို့ အပြင် ပြည်ထောင်စု အနှံ့အပြားက ကိုယ်စား လှယ်များ ပါဝင်၍ နိုင်ငံနှင့် ပြည်ထောင်စု၏ တည် တံ့ခိုင်မြဲရေးနှင့် ညီညွတ်ရေးအတွက် ကြိုးပမ်းနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။

လွှတ်တော်အတွင်း တိုင်း ရင်းသားလူမျိုးပေါင်းစုံ၊ အဖွဲ့အ စည်းနှင့် ပါတီအသီးသီးက ပါဝင် နေခြင်းသည် ဒီမိုကရေစီလွှတ် တော်များ၏ လက္ခဏာတစ်ခုဟု မှတ်ချက်ပြုသည်။

ဒီမိုကရေစီစနစ်ထက် ပြည် သူလူထုကို လေးစားရန် အားပေး သည့် စနစ်မရှိကြောင်း၊ ဒီမိုကရေ စီစနစ်အရ ပြည်သူလူထုသဘော ဆန္ဒအရ ပေါ်ပေါက်လာသည့် အစိုးရများသည် ပြည်သူ့ဆန္ဒကို အလေးထားပြီး ပြည်သူကို လေး စားရမည်ဖြစ်ကြောင်း ပြော သည်။

ဒီမိုကရေစီစနစ် ရေရှည် တည်တံ့ခိုင်မြဲပြီး မှန်ကန်သည့် လမ်းကြောင်းပေါ် ဆက်လက် သွားနိုင်ရေး ကြိုးစားရာတွင် လွှတ်တော်ကိုယ်စားလှယ်များသည် ရှေ့တန်းမှ ပါဝင်ကြိုးစားရန်လို ကြောင်း ၎င်းက ပြောသည်။

အခမ်းအနားတွင် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တို့လည်း အမှာစကားပြောကြားသည်။

ဦးဝင်းမြင့်က လွှတ်တော်အ နေဖြင့် ဥပဒေပြုရေးသာမက ပြည်ထောင်စုအစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များကိုလည်း ဆက် လက်အားပေးကူညီမည်ဟု ပြော ကြားသည်။

လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် လွှတ်တော်ဆိုင်ရာ ဥပဒေများနှင့် နည်းဥပဒေများ၊ ဒီမို ကရေစီကျင့် စဉ်များကို လေးစားလိုက်နာနိုင်သည်နှင့်အမျှ ဥပဒေပြုရေးမဏ္ဍိုင် ပိုမိုအားကောင်းလာမည်ဟု ယူဆကြောင်း ၎င်းက ဆို သည်။

ဒုတိယအကြိမ် လွှတ်တော် သက်တမ်း ၂ နှစ်တာ အတွေ့ အကြုံများအပေါ် အားသာချက်၊ အားနည်းချက်များ ပြန် လည်သုံးသပ်ပြီး ရှေ့ဆက်၍ နိုင်ငံနှင့် အမျိုးသားအကျိုးစီးပွားများ အတွက် ကြိုးပမ်းဆောင်ရွက်ပေး စေလိုကြောင်း ဦးဝင်းမြင့်က ပြော သည်။

‘‘အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်ဖြစ်တဲ့၊ ပြည်သူလူထုရဲ့ ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော် များ ခိုင်မာတောင့် တင်းနေသရွေ့ ဒီမိုကရေစီရှင် သန်နေမှာပဲ ဖြစ်ပါတယ်’’ဟု ဦးဝင်းမြင့်က ပြောကြားသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြည်ထောင် စုလွှတ်တော် ၂ နှစ်တာအတွင်း အသစ်ပြဋ္ဌာန်း သည့် ဥပဒေ ၂၀ ခု၊ ပြင်ဆင်သည့်ဥပဒေ ၂၄ ခု၊ ရုပ်သိမ်းသည့် ဥပဒေခြောက်ခုရှိကြောင်း ပြောကြားသည်။

‘‘ရှေ့ဆက်၍ ပြည်သူလူထု အကျိုးပြုဥပဒေများကို ရဲဝံ့ပြတ်သွားစွာ ရေးဆွဲပြဋ္ဌာန်းနိုင်ဖို့ လွှတ် တော်ကိုယ်စား လှယ်များက ကြိုး ပမ်းကြရမှာပဲ ဖြစ်ပါတယ်’’ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် သည် အခမ်းအနားအပြီးတွင် လွှတ်တော်ကိုယ်စားလှယ်များရှိ ရာသို့ လာရောက်ပြီး နှုတ်ဆက် သည်။

7Day

0 comments:

Post a Comment