Friday, February 2, 2018

သရက်တောကျေးရွာတွင် ထားရှိမည့် ဗိုလ်ချုပ်ကြေးရုပ်ကို ဒေသခံ ၇၀၀ ကျော်က မကွေးမြို့အထိလာကြို


ပွင့်ဖြူမြို့နယ် သရက် တောကျေးရွာတွင် ထားရှိမည့်ဗိုလ် ချုပ် ကြေးရုပ်ကို မန္တလေးမြို့မှ သယ်ယူလာပြီး မကွေးမြို့သို့ ဖေ ဖော်ဝါရီ ၁ ရက်တွင် ရောက်လာရာ သရက်ကျေးရွာအုပ်စု ဒေသခံ ၇၀၀ ကျော် လာရောက် ကြိုဆိုခဲ့ သည်။
မကွေးမြို့သို့ အဆိုပါဗိုလ် ချုပ်ကြေးရုပ်ရောက်ရှိပြီး လှည့်လည်ဂါရဝပြုခံခြင်းကို သရက် တောကျေးရွာအုပ်စု ဒေသခံ ၇၀၀ ကျော်က ဆိုက်ကယ်၊ ကားများဖြင့် မကွေးမြို့သို့ လာရောက်ကြို ဆိုခဲ့သည်။

‘‘ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ် ချုပ်မွေးနေ့မှာ ဗိုလ်ချုပ်ကြေးရုပ် ဖွင့်လှစ်ပွဲကို အမှတ်တရလုပ်သွားမယ်။ ညပိုင်း မှာ အငြိမ့်နဲ့လည်း ဖျော်ဖြေသွားမယ်။ ဖခင်ဗိုလ်ချုပ် အောင်ဆန်းရဲ့သမိုင်းကြောင်းကို မမေ့အောင်၊ မပျောက် ပျက် အောင်လည်း ရည်ရွယ်ပါတယ်’’ဟု ကြေးရုပ်ဖြစ်မြောက်ရေးဦး ဆောင်အဖွဲ့ဝင် ကိုကျော်ဆန်းဦး က ပြောသည်။

ဗိုလ်ချုပ်ကြေးရုပ်သည် ၅ ပေ ၆ လက်မမြင့်ပြီး ကြေးပိဿာ ချိန် ၁၇၀ ရှိကာ ကျပ် ၅၇ သိန်းအ ကုန်အကျခံ သွန်းလုပ်ထားပြီး သရက်တောကျေးရွာ ပညာရောင် ခြည်စာကြည့်တိုက်ရှေ့ ပန်းခြံတွင် ထားရှိမည်ဖြစ် သည်။

‘‘ကျေးရွာဥက္ကဋ္ဌနဲ့ လူကြီး တွေရဲ့လမ်းညွှန်မှုနဲ့ ကျွန်တော် တို့ရွာမှာရှိတဲ့ ဗိုလ်ချုပ်ချစ်တဲ့ လူ ငယ်တွေ ဦးဆောင်ဖွဲ့စည်းပြီး လုပ်ခဲ့တာပါ။ လူငယ်အဖွဲ့ပါပဲ။ ရာထူးတွေ ပေးမထားပါဘူး။ ဝိုင်း ဝန်းဆောင်ရွက်ကြ တာပါ။ ကျေး ရွာရဲ့ မတည်ငွေရယ်၊ အနယ်နယ် အရပ်ရပ်မှာ ရောက်နေတဲ့ သရက် တောကျေးရွာအုပ်စုက သူတွေရဲ့မတည်ငွေတွေနဲ့ လုပ်ခဲ့တာပါ’’ ဟု ကိုကျော်ဆန်းဦးက ပြောသည်။ယခင်နှစ် နိုဝင်ဘာက ဗိုလ် ချုပ်ကြေးရုပ်ကို ပွင့်ဖြူမြို့ ပွင့်မာ လာပန်းခြံ၌ ဖွင့်လှစ်ခဲ့ပြီး ဖြစ် သည်။ ယခု ဗိုလ်ချုပ်ကြေးရုပ် သည် ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာ များတွင် ထားရှိမည့်ပထမဆုံးကြေး ရုပ်ဖြစ်ပြီး ပွင့်ဖြူမြို့နယ် မဲဇလီ ကျေးရွာ၌ ထားရန် ကြေးရုပ်တစ် ခုကို အပ်နှံထားကြောင်း ၎င်းက ပြောသည်။

7Day

0 comments:

Post a Comment