မြန်မာနိုင်ငံဟာ ‘လွတ်လပ်ပြီး ပွင့်လင်းတဲ့ အိန္ဒိယ-ပစိဖိတ် မဟာဗျူဟာ’ ပေါ်ပေါက်လာဖို့ အဓိကသော့ ချက်နိုင်ငံ ဖြစ်တယ်လို့ ဂျပန်နိုင်ငံဝန်ကြီးချုပ်ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အထူးအကြံပေး ကန်တရာရို ဆိုနိုယူရာက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ရောက်နေတဲ့ မစ္စတာဆိုနိုယူရာနဲ့ နိုင်ငံပိုင်မီဒီယာတို့ အင်တာဗျူးမှာ ပြောခဲ့တာဖြစ်ပြီး အဲဒီမဟာဗျူဟာက မြန်မာပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အပြည့်အဝ အကျိုးပြုနိုင်ဖို့အတွက် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ လျှပ်စစ် စတဲ့ ကဏ္ဍသုံးခုကို အထူးအလေးထားပြီး ထောက်ပံ့ ကူညီတဲ့ မူဝါဒကို ဂျပန်က ချမှတ်ထားတယ်လို့လည်း ပြောပါတယ်။
“အာဆီယံ အပါအဝင် အိန္ဒိယ-ပစိဖိတ်ဒေသဟာ လူဦးရေ ထူထပ်ကာ စီးပွားရေး ဖြစ်ထွန်းနိုင်စွမ်း များစွာ ရှိပြီး ကမ္ဘာ့ပင်မအချက်အချာအကျဆုံး နေရာလို့ ပြောလို့ ရပါတယ်။ ဂျပန်နိုင်ငံဟာ တရားဥပဒေစိုးမိုးရေးကို အခြေခံတဲ့ လွတ်လပ်ပြီး ပွင့်လင်းတဲ့ အိန္ဒိယ-ပစိဖိတ်ဒေသတခုလုံးရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကို ဆောင်ကြဉ်းပေးမယ့် နိုင်ငံတကာပိုင်ဓနအဖြစ် အကောင်အထည်ဖော်ရန်အတွက် လွတ်လပ်ပြီး ပွင့်လင်း တဲ့ အိန္ဒိယ-ပစိဖိတ်မဟာဗျူဟာကို အားထည့်လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။”
ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် မျှော်လင့်ချက် အလွန်မြင့်မားနေပြီး နောက်ပိုင်းမှာလည်း မြန်မာနိုင်ငံနဲ့အတူတကွ တိုးတက်သွားနိုင်ဖို့ မျှော်လင့်တယ်လို့လည်း ပြောပါတယ်။
ဂျပန်အကူအညီနဲ့ ရန်ကုန် မြို့ပတ်မီးရထားလမ်းနဲ့ ရန်ကုန်-မန္တလေး ရထားလမ်းတို့ကိုလည်း အဆင့်မြှင့်တင် ပြုပြင်ဖို့လည်း ရှိနေပါတယ်။
Photo : Myanmar Rehabilitation News
0 comments:
Post a Comment