Wednesday, February 7, 2018

KIA မှ လူသစ်စု ဖမ်းဆီးထားသော လီဆူ ၂၁ ဦးအား အမြန်ဆုံး မလွှတ်ပေးပါက ဆန္ဒဖော်ထုတ်သွားမည်ဟုပြောဆို


ကချင်ပြည်နယ် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို သွား လမ်းအတွင်းတွင် ကေအိုင်အို၊ ကေအိုင်အေ လက်နက်ကိုင် တပ်ဖွဲ့မှ ဖမ်းဆီးထားသော လီဆူ ၂၁ ဦးနှင့်ဒေသခံများအား အမြန်ဆုံးပြန်လွှတ်ပေးခြင်း မရှိပါက ဆန္ဒဖော်ထုတ်သွားမည်ဟု လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)မှ သိရသည်။
ကေအိုင်အို၊ ကေအိုင်အေ လက်နက်ကိုင်တပ်ဖွဲ့သည် ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ် ကဝါးပန်ကျေး ရွာအနီးရှိ ဆွမ်ပရာဘွမ် ပြည်ထောင်စုလမ်းမကြီးပေါ်မှ လီဆူ ၁၉ ဦးနှင့် မေခမြစ်ကြောင်းတစ်လျှောက်ရှိ သဲဝိုင်ရွာမှ လီဆူနှစ်ဦး တို့အား ဇန်နဝါရီ၂၈ ရက်က ဖမ်းဆီးခဲ့ကြောင်း လီဆူအမျိုး သားဖွံ့ဖြိုးတိုးတက်ရေး ပါတီ (ဒူးလေးပါတီ)မှ သိရသည်။

''တရားဝင်ထုတ်ပြန်စာကို စာတိုက်ကနေ ပို့ထားပါတယ်၊ ကျွန်တော်တို့က နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ အတွက် ဒီလို အဖမ်းခံရတာကို သဘောထားတင်ပြတောင်းဆိုမယ်၊ စာနဲ့ ပါးစပ်နဲ့ အလုပ်လုပ်တာပေါ့ဗျာ၊ နိုင်ငံရေးစားပွဲပေါ်မှာ လုပ်ရ တာဖြစ်တဲ့အတွက် ဒီအတိုင်း ပြည်သူအတွက်၊ အမျိုးသားရေး အတွက်ကြည့်ပြီး တောင်းဆိုမယ်၊ မရရင် ဆန္ဒဖော်ထုတ်မယ်၊ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမဆို ဒါပြည်သူအနေနဲ့ မိမိ သဘောဆန္ဒအလျောက် ဝင်ရောက်တာကို ကျွန်တော်တို့ ဘာမှအတွန့်တက်ပြီး ပြောစရာမရှိပါဘူး၊ ဒါပေ မယ့် အတင်း အဓမ္မ ဖမ်းဆီးခေါ်ဆောင်တာတို့၊ အတင်းအဓမ္မ လူသစ် စုဆောင်း စစ်သားလုပ်ခိုင်းပြီး ရှေ့တန်းမှာ အသေခံတိုက်ခိုင်း တာတို့၊ နောက်ပြီး ဖမ်းဆီးခေါ်ဆောင်တာ အကြောင်းပြပြီး ငွေညစ်တောင်း ယူ မတော်မတရားလုပ်တာတွေကို ကန့်ကွက် ရှုတ်ချပါတယ်''ဟု လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)မှ ဥက္ကဋ္ဌ ဦးရွှေမင်းက ပြောသည်။

ကချင်ပြည်နယ်သတင်းစုံ

0 comments:

Post a Comment