Wednesday, February 7, 2018

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ဖေဖော်ဝါရီ ၁၉ ရက်စတင်ထုတ်ပေးမည်

မတ်လ ၇ ရက်တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ကို ဖေဖော်ဝါရီ ၁၉ ရက်တွင် စတင်ထုတ်ယူနိုင်ပြီဟု မြန်မာ နိုင်ငံစာစစ်ဦးစီးဌာနက ဖေဖော်ဝါရီ ၇ ရက်တွင်ကြေညာသည်။
အခြေခံပညာအထက်တန်း ကျောင်းများ၊ အထက်တန်း ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများ၊ ကိုယ်ပိုင်ကျောင်း များမှ ဖြေ ဆိုခွင့် လျှောက်ထားသော ကျောင်းသား၊ ကျောင်းသူများသည် သက်ဆိုင်ရာကျောင်းအုပ် ကြီးများ ထံမှလည်းကောင်း၊ ပြင် ပမှဖြေဆိုမည့်သူများသည် မိမိတို့ ဖြေဆိုရမည့် စာစစ်ဌာနကြီးကြပ် ရေးမှူးများထံ မှလည်းကောင်း ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ယူ ရမည်ဖြစ်သည်။

‘‘ကျောင်းဖြေတွေရော၊ အ ပြင်ဖြေရော ဖြေဆိုခွင့်ကတ်ပြား တွေကို ကြေညာထားတဲ့အတိုင်း စထုတ်လို့ရပြီ’’ ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ဦးမျိုးညွန့်က ပြောသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ၀င် ရောက်ဖြေဆိုမည့်သူများကို ဘာ သာတွဲအလိုက် အစိမ်းရောင်ဖြေ ဆိုခွင့် ကတ်ပြားနှင့် ပန်းရောင်ဖြေ ဆိုခွင့်ကတ်ပြားများ ထုတ်ပေး မည်ဖြစ်ပြီး ပထမဆုံးရက်တွင် ဖြေဆိုခွင့် ကတ်ပြားကို စာမေးပွဲခန်းအတွင်း တစ်ပါတည်း ယူ ဆောင်လာရမည်ဖြစ်သည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေ ဆိုခွင့်လျှောက်ထားသည့်ဘာသာ တွဲမှအပ အခြားဘာသာတွဲကို ပြောင်းလဲ ဖြေဆိုခွင့်မပြုကြောင်း ကြေညာထားသည်။

၂၀၁၈ တက္ကသိုလ်ဝင်စာမေး ပွဲဖြေဆိုခွင့် ကတ်ပြားများကို ၂၀၁၇ စက်တင်ဘာ ၂၉ ရက် နောက်ဆုံးထား၍ မြန်မာနိုင်ငံစာ စစ်ဦးစီးဌာနက လျှောက်ထားခွင့် ပြုခဲ့သည်။ ယခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲဖြေဆို ရန်လျှောက်ထား သူ ၈၄၀,၀၀၀ ကျော်ရှိပြီး ယခင် နှစ်ကထက် ဖြေဆိုခွင့်လျှောက် ထားသူ ရှစ်သောင်းခန့်တိုး သည်။

၂၀၁၈ တက္ကသိုလ်ဝင်စာမေး ပွဲကို မတ်လ ၇ ရက်တွင်မြန်မာ စာ၊ ၈ ရက်တွင် အင်္ဂလိပ်စာ၊ ၉ ရက်တွင် သင်္ချာ၊ ၁၂ ရက်တွင် ဓာတုဗေဒနှင့် စိတ်ကြိုက်မြန်မာ စာ၊ ၁၃ ရက်တွင် ရူပဗေဒ၊ ၁၄ ရက်တွင် ဇီဝဗေဒနှင့်ဘော ဂဗေဒ၊ ၁၅ ရက်တွင် ပထ၀ီဝင်၊ ၁၆ ရက် တွင် သမိုင်းဘာသာရပ်များဖြေ ဆိုရမည်ဖြစ်သည်။

ယခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲမေးခွန်းအချို့ကို အ လွတ်ကျက်ဖြေဆိုရသည့်ပုံစံအ စား စဉ်းစားတွေးခေါ်ဖြေဆိုရ သည့်ပုံစံပြောင်းလဲမည်ဟု ပညာ ရေးဝန်ကြီးဌာနက ဩဂုတ်အ တွင်း ကြေညာထားသည်။

7Day
 

0 comments:

Post a Comment