နိုင်ငံတော်လုံခြုံရေးအဖွဲ့အစည်းများ၏အသွင်သဏ္ဍာန်ဖြင့်ယူနီဖောင်းများဖန်တီးဝတ်ဆင်ခြင်းနှင့်ပတ်သက်၍
တွေ့ဆုံရှင်းလင်းပွဲအား ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်
တိုင်းရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး
တိုင်းတပ်ဖွဲ့မှူးက ရှင်းလင်းပြောကြားခဲ့သည်။
နိုင်ငံတော်လုံခြုံရေးအဖွဲ့အစည်းများ အသွင်သဏ္ဍာန်ဖြင့်
ဝတ်ဆင်ခြင်းများ၊အရာရှိများ ဆောင်သည့် ဦးထုပ် များ
ဆောင်ခွင့်မရှိကြောင့်နှင့် ဆက်သွယ်ရေးစကားပြောစက်များအား
ဆက်သွယ်ရေးဝန်ကြီးဌာနသို့ တင်ပြပြီး ကိုင်ဆောင်ရန်
ရှင်းလင်းပြောကြားပြီး၊ဖေဖော်ဝါရီလတွင် တိုင်းဒေသကြီးအတွင်း စစ်ဆေး
ဆောင်ရွက်သွားမည် ဟု ဧရာဝတီတိုင်းဒေသကြီးတိုင်းရဲတပ်ဖွဲ့မှူး
ရဲမှူးကြီးရဲမြင့်က တွေ့ဆုံပွဲတွင်ပြောကြား ခဲ့သည်။
ဓာတ်ပုံ-စည်သူမောင်မောင်
Mizzima - News in Burmese
ဓာတ်ပုံ-စည်သူမောင်မောင်
Mizzima - News in Burmese
0 comments:
Post a Comment