မွန်ပြည်သစ်ပါတီနှင့်
လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု
ရပ်စဲရေး သဘောတူစာချုပ်တွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်
ပါဝင်လက်မှတ်ရေးထိုးခြင်းကို မိမိတို့ကြိုဆိုကြောင်း အမေရိကန်သံရုံးက
သတင်းထုတ်ပြန်ထားသည်။
ဤသို့ သဘောတူ လက်မှတ်ရေးထိုးခြင်းသည်
ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ခရီးရှည်အတွက် ခြေလှမ်းများစွာထဲမှ
တစ်ခုဖြစ်သည့် အကြောင်းကိုလည်း မိမိတို့အသိအမှတ်ပြုပါကြောင်းဖြင့်လည်း
ဖော်ပြထားသည်။တွေ့ဆုံဆွေးနွေးမှုများတွင် ပါဝင်ရန် သန္နိဋ္ဌာန်ချထားပြီး ပါဝင်ပတ်သက်သူ အားလုံးအနေဖြင့် ငြိမ်းချမ်းရေး အတွက် ဆက်လက်ရှေ့တိုး ဆောင် ရွက်နိုင်ရန်နှင့် မြန်မာနိုင်ငံအတွင်းရှိ လူမှုအသိုက်အဝန်းအားလုံး၏ အခွင့်အရေးများကို အကာအကွယ်ပေးသည့် ဖက်ဒရယ်ပြည်ထောင်စုကြီး တစ်ရပ် ဖန်တီးနိုင်လိမ့်မည်ဟု လည်း မိမိတို့မျှော်လင့်ပါသည်ဟု အမေရိကန်သံရုံးက ထုတ်ပြန်ထားခြင်း ဖြစ်သည်။
The Ladies News
0 comments:
Post a Comment