ချောင်းဦးမြို့နယ်၊ နွယ်ခွေအုပ်စု၊ ချောင်းမကျေးရွာတွင် ရွာလူဦးရေ ၄၃၀ မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်အဖြစ် ဝင်ရောက်ထားကြောင်း ချောင်းဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထံမှ စုံစမ်းသိရှိရသည်။
“အိမ်ခြေ ၂၁၀ မှာ လူဦးရေ ၄၃၀ က ပါတီဝင်ဆိုတော့ ရွာလုံးကျွတ်နီးပါးလို့ ပြောလို့ရပါတယ်”ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက မုံရွာမြို့ မြို့တော်ခန်းမတွင် စစ်ကိုင်းတိုင်းမှ ပါတီဝင်များနှင့် တွေ့ဆုံခဲ့ပြီး ကျေးရွာမှ အသက် ၁၈ နှစ်မှ ၆၀ အကြားရှိ လူဦးရေ ၂၃၀ ၏ အဆိုပြုလွှာကို ယင်းအခမ်းအနားတွင် လက်ခံခဲ့ကြောင်း ယင်းပါတီထံမှ သိရသည်။
ချောင်းမရွာတွင် လူဦးရေ ၇၀၀ ကျော်ရှိကာ လူတစ်ဝက်ကျော် ပါတီဝင်ကြခြင်းမှာ အထူးအထွေအကြောင်း မရှိဘဲ ခင်မင်မှုနှင့် ကျေးရွာတိုးတက်လိုခြင်းကြောင့်သာ ပါတီဝင်ကြခြင်းဖြစ်ကြောင်း ကျန်ဒေသခံ ၃၀၀ ခန့်မှာ မည်သည့်ပါတီဝင်မှမဟုတ်ကြောင်း နွယ်ခွေကျေးရွာအုပ်စု ချောင်းမ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးညိုဝင်း က ပြောကြားသည်။
“ရွာကတောင်သူတွေက ဆင်းရဲတယ်။ ရွာတိုးတက်အောင် လုပ်ပေးမယ်ဆိုတော့ ဝင်ကြတာပါ။ နိုင်ငံရေး လုပ်သူတွေ မရှိပါဘူး”ဟု ၎င်းက ဆိုသည်။
The Voice
0 comments:
Post a Comment