ဘင်္ဂလားဒေ့ရှ်
အတိုက်အခံခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာကို
အဂတိလိုက်စားမှုနဲ့ ဖေဖော် ဝါရီ ၈ ရက်က ထောင်ဒဏ် ၅ နှစ်
ပြစ်ဒဏ်စီရင်လိုက်ပါတယ်။
လမ်းတွေပေါ်မှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေကတော့ ခါလီဒါဇီယာမှာ အပြစ်မရှိဘူးလို့ ကြွေးကြော် ဆန္ဒပြခဲ့ ပါတယ်။ခါလီဒါဇီယာ၊ သားဖြစ်သူနဲ့ လက်ထောက်တွေဟာ သူ ဝန်ကြီးချုပ်ဖြစ်ချိန် ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ အတွင်း သူထောင်ထားတဲ့ မိဘမဲ့ရန်ပုံငွေထဲက နိုင်ငံခြားအလှူငွေ အမေရိကန်ဒေါ်လာ ၂ သိန်း ၅ သောင်း ၃ ထောင် ခိုးယူခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
စီရင်ချက်ကို အယူခံဝင်ဖို့ စီစဉ်ထားပြီး အယူခံဝင်နေစဉ်အတွင်း အာမခံရဖို့ များတယ်လို့ သူ့ရှေ့နေက ပြော ပါတယ်။
တရားစီရင်ချက်ချအပြီး သူ့အတွက်စီစဉ်ထားတဲ့ အခန်းနှစ်ခန်းထဲမှာ ထောင်ဒဏ်ကို စပြီး ကျခံဖို့ မြို့တော် ဒါကာက ဗဟိုထောင်ကြီးဆီကို အခြံအရံတွေနဲ့အတူ ခါလီဒါဇီယာကို ခေါ်သွားတယ်လို့ ထောင်အရာရှိတွေ က ပြောပါတယ်။
ခါလီဒါဇီယာကို ထောက်ခံဖို့ စုရုံးခဲ့တဲ့ ဆန္ဒပြသူတွေကို လူစုခွဲဖို့ ရဲတွေက မျက်ရည်ယို ဓာတ်ငွေ့တွေ သုံးခဲ့ပါ တယ်။
မြို့တော်ကိုသွားတဲ့ ဘတ်စ်ကားတွေ၊ ကုတို့ယာဉ်တွေကို အာဏာပိုင်တွေက လမ်းကြောဖြတ်တောက်ထား ခဲ့တာပါ။
မတည်ငြိမ်မှုဖြစ်ခဲ့ရင် ရှင်းဖို့ ထောင်နဲ့ချီတဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေကိုလည်း တာဝန်ချထားပါတယ်။
DVB
0 comments:
Post a Comment