တရုတ် နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Huawei နဲ့ ZTE တို့မှ ထုတ်လုပ်တဲ့ စမတ်ဖုန်းတွေကို အမေရိကန် နိုင်ငံသားတွေ အသုံးမပြုရဖူးလို့ အမေရိကန်နိုင်ငံရဲ့ အကြီးဆုံး အစိုးရအဖွဲ့အစည်း ၆ ခုမှ အကြီးအကဲတွေက လွှတ်တော်မှာ သတိပေးပြောကြားထားတယ်လို့ သိရပါတယ်။
အခုလို သတိပေးတားမြစ်တာဟာ အမေရိကန်နိုင်ငံသားတွေ အတွက်တော့ အဆန်းမဟုတ်တော့ပါဘူး။ Huawei ကုမ္ပဏီကို တည်ထောင်ခဲ့သူဟာ အရင်တုန်းက တရုတ်စစ်တပ်မှာ အင်ဂျင်နီယာတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတာ ဖြစ်တာကြောင့် အမေရိကန် အစိုးရဟာ လွန်ခဲ့တဲ့ နှစ်တွေတည်းက Huawei ကုမ္ပဏီကို စောင့်ကြည့်နေခဲ့တာ ဖြစ်ပြီး ၄င်းကိုလည်း "တရုတ်အစိုးရရဲ့ လက်ကိုင်တုတ်" အဖြစ် လွန်ခဲ့တဲ့ နှစ်တွေကတည်းက သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း Huawei ဟာ ၂၀၁၄ ခုနှစ်က အမေရိကန်အစိုးရနဲ့  စာချုပ်ချုပ်ဆိုခွင့်မရရှိခဲ့တာ ဖြစ်ပြီး ယခုအခါမှာတော့ ဖုန်းတွေ ရောင်းချဖို့ပါ အပိတ်ပင်ခံရတော့မလို ရှိတာလည်းဖြစ်ပါတယ်။
Huawei ဟာ
ပြီးခဲ့တဲံ့ CES 2018 ပွဲမှာလည်း AT&T ကုမ္ပဏီနဲ့ ပူးပေါင်းပြီး
၎င်းတို့ရဲ့ ထုတ်ကုန်သစ် Mate 10 Pro ကို ဖြန့်ချိခွင့်
စာချုပ်ချုပ်ဆိုဖို့ ကြိုးစားခဲ့သော်လည်း အမေရိကန် အာဏာပိုင်တွေရဲ့ ဖိအား
ပေး မှုကြောင့် အောင်မြင်ခြင်း မရှိခဲ့တာကြောင့် Huawei ရဲ့ CEO ဖြစ်သူ
Richard Yu ဟာလည်း ၄င်းရဲ့ ဆုံးရှုံးနစ်နာမှုတွေအတွက် ဒေါသအကြီးကျယ်
ထွက်ခဲ့ရတယ်လို့ သိရပါတယ်။
Huawei က ပြောရေးဆိုခွင့်ရှိသူတစ်ဦးကို CNBC သတင်းဌာနတစ်ခုက မေးမြန်းရာမှာတော့ " ကျွန်တော်တို့ Huawei စမတ်ဖုန်းတွေကို အမေရိကန်ဈေးကွက်ထဲမှာ ဆက်လက်ဖြန့်ဖြူးလို့ မရနိုင်အောင် အမေရိကန် အစိုးရကဆောင်ရွက်နေတယ်ဆိုတာ ကျွန်တော်တို့ သိထားပါတယ်။ ကျွန်တော်တစ်ခု အခိုင်အမာပြော ချင်တာကတော့ ကျွန်တော်တို့ဟာ နိုင်ငံပေါင်း ၁၇၀ မှာရှိတဲ့ အစိုးရအဖွဲ့အစည်းတွေ အားလုံးအပြင် အသုံးပြုသူတွေဆီကလည်းယုံကြည်မှု ရရှိထားပြီး ဖြစ်တာကြောင့် Cyber Security နဲ့ပတ်သတ်ပြီး ဘာအန္တရာယ်မှ ပြုမှာမဟုတ်ပါဘူး" လို့ ဖြေကြားထားပါတယ်။
Ref: Theverge
The ladies News

0 comments:
Post a Comment