Thursday, February 15, 2018

နိုင်ငံပေါင်း ၁၀ ကျော်က သံအမတ်ကြီးများနှင့် UN အဖွဲ့တို့ မောင်တော သွားရောက်


ကမ္ဘာ့နိုင်ငံပေါင်း ၁၀ ကျော်က သံအမတ်ကြီးများအပါအဝင် ကုလသမဂ္ဂ လက်အောက်ခံ UN အဖွဲ့အ စည်းနှင့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ် မောင်တောဒေသအတွင်းသို့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
ခရီးစဉ်တွင် အီဂျစ် ၊ ဂျာမနီ ၊ နယ်သာလန် ၊ နော်ဝေ ၊ဖင်လန် ၊ အစ္စရေး ၊ အီတလီ ၊ သီရိလင်္ကာ ၊ ဘရာဇီး ၊ ပိုလန် ၊ ဆွီဒင်၊ ဒိန်းမတ် ၊ နယူးဇီလန် စသည်ဖြင့် နိုင်ငံအသီးသီးမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ခံများ အပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့မှ လူ/ကယ်ပြန်ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ၊ ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် ဦးညီပုတို့ လိုက်ပါခဲ့ပြီး ဘင်္ဂလားဒေ့ရ်ဘက်သို့ ရောက်ရှိနေသာ ဒုက္ခသည်များ ပြန်လည်လက် ခံမည့် တောပြိုလက်ဝဲစခန်း ၊ ငခူရစခန်း ၊ လှဖိုးခေါင် ကြားစခန်းများနှင့် နယ်စပ်ဂိတ်များကို သွားရောက်ခဲ့ ကြကြောင်းလည်း သိရသည်။

အဆိုပါ အဖွဲ့သည် ယနေ့ နံနက်ပိုင်က လေကြောင်းဖြင့် စစ်တွေမြို့သို့ ရောက်ရှိလာပြီး တပ်မတော်ရဟတ် ယာဉ်ဖြင့် မောင်တောမြို့သို့ သွားရောက်ခဲ့ကာ ညနေပိုင်းတွင် စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီး စစ်တွေလေဆိပ်မှတဆင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့ကြောင်းလည်း သိရသည်။






ဧရာဝတီ

0 comments:

Post a Comment