ကချင်ပြည်နယ် ဆွမ်ပရာဘွမ်ဒေသတွင် နေထိုင်သည့် လီဆူတိုင်းရင်းသား ၂၁ ဦးအား ကချင်လက်ကိုင် အဖွဲ့ (KIA) က အတင်းအဓမ္မ ဖမ်းဆီခေါ်ဆောင်ကာ တပ်သားသစ် စုဆောင်ခဲ့ကြောင်း လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေး ပါတီ) ဥက္ကဋ္ဌ ဦးဆီဖာလာလူးက The Ladies News သို့ ပြောကြားသည်။
`ပထမအချက်ကတော့ ပူတာအိုသွားတဲ့လမ်းမှာ တံတားနှစ်စင်းကို ဖျက်လိုက်တဲ့အတွက် ပူတာအိုက ပြည်သူ လူထုတွေက လူမှုဘ၀ စားဝတ်နေရေး အခက်အခဲတွေ သွားလာမှု၊ လမ်းပန်းဆက်သွယ်ရေး တွေလည်း အခက်အခဲ ဖြစ်နေတဲ့အတွက် သူတို့ရဲ့ မိုင်းခွဲပြီးတော့ တံတာဖျက်ဆီးတဲ့ ဟာကိုလည်း ရှုတ်ချကန့်ကွက်တယ်။ နောက်တစ်ခုက ဆွမ်ပရာဘွမ်လမ်းမှာပဲ ကျွန်တော်တို့လူမျိုး ၂၁ ယောက်ကို ဖမ်းသွားတယ်။ အတင်းအဓမ္မ ဖမ်းတယ်။ သူတို့ စိတ်သဘောကျလို့ ၀င်တာ ကျွန်တော်တို့မပြောလိုဘူး။ ဒါပေမယ့် အတင်းအဓမ္မ ခေါ်ဆောင် ဖမ်းဆီးပြီးတော့ စစ်သားလုပ်ခိုင်တာ၊ သူတို့ရဲ့ မိဘဆွေမျိုးက ၀မ်းနည်းကြေကွဲပြီး ကျွန်တော်တို့ဆီ လာတိုင်တယ်။ ဒါတွေက မလုပ်သင့်ဘူး၊ ဒီအတွက်ကို ကျွန်တော်တို့ ကန့်ကွက် ရှုတ်ချတယ်။ တချို့နေရာ ပိုက်ဆံပေးတဲ့သူကို ပိုက်ဆံညှစ်ပြီး ယူပြီးပြန်လွှတ်တယ်´ ဟု ဦးဆီဖာ လာလူးက ပြောကြားသည်။
KIA လက်နက်ကိုင်အဖွဲ့မှ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားသူမျာအား အမြန်ဆုံး ပြန်လွှတ်ပေးရန် လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ မှ KIA/KIO ဗဟိုထံ တောင်းဆိုးထားသည်။ ထို့ပြင် ကချင်ပြည်နယ် ခရိုင်အတွင်းရှိ ဒေသခံပြည်သူများ၏ အခက်အခဲများ ကြုံတွ့နေရခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေခြင်းအပေါ် အမြန်ဆုံး ကူညီဖြေရှင်းပေးရန် နိုင်ငံတော်အစိုးရသို့ တိုက်တွန်းတောင်းဆို ကြောင်းကိုလည်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေး ပါတီ) ၏ သဘောထား ကြေညာချက်ကို KIA နှင့် ကချင်ပြည်နယ် အစိုးရထံသို့ ပေးပို့မည်ဟု ဥက္ကဋ္ဌဖြစ်သူ ဦးဆီဖာလာလူးက ပြောကြားသည်။
အောင်ရဲနောင်
The Ladies News
0 comments:
Post a Comment