Wednesday, February 7, 2018

တရားစီရင်ရေးအောက်၌ လုံခြုံမှုမရှိပါက အုံကြွမှုများဖြစ်လာနိုင်ပြီး ဖိနှိပ်အုပ်ချုပ်သည့် အစိုးရမျိုး ပေါ်ပေါက်လာတတ်ကြောင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြောကြား


တရားဥပဒေစိုးမိုးရေး ခိုင်မာလာမှသာ ပြည်သူလူထု၏ ခိုင်မာသည့် ယုံကြည်မှုရနိုင်မည်ဖြစ်ပြီး၊ တရားစီ ရင်ရေး အောက်၌ လုံခြုံမှုမရှိပါက အုံကြွမှုများ ဖြစ်လာနိုင်ပြီး ဖိနှိပ်အုပ်ချုပ်သည့် အစိုးရမျိုးပေါ်ပေါက်လာ တတ်ကြောင်း ယခုအခါ တရားစီရင်ရေး မဏ္ဍိုင်၏ တည့်မတ်မှန်ကန်ပြီး မျှတသည့် ဆုံးဖြတ်ချက်များဖြစ်ရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ဖေဖော်ဝါရီ ၆ ရက်တွင် ပြောကြားလိုက်သည်။
 
ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်၊ အထွေထွေအုပ်ချုပ် ရေးမှူးရုံးတွင် ပြုလုပ်သည့် ဌာနဆိုင်ရာ များနှင့် တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်က ယင်းသို့ပြောကြားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ထို့အတူ ဌာနဆိုင်ရာများ ဥပဒေများကိုလည်း ဥပဒေနှင့် အညီဖြစ်အောင် ကိုင်တွယ်ကြရန် ယင်းဥပဒေမှာ ပြည်သူများနှင့် အုပ်ချုပ်ရေးဘက်မှ သူများအကြားရှိ စည်းပင်ဖြစ်ကြောင်းလည်း ၀န်ကြီးချုပ်ကပြောသည်။

"တစ်ယောက်နဲ့တစ်ယောက် အငြင်းပွားမှု ဖြစ်လာခဲ့ရင် ဘာနဲ့ ကိုင်တွယ်ဆောင်ရွက်မယ် ဆိုရင် ဥပဒေနဲ့ပဲ ကိုင်တွယ် ဆောင်ရွက်ရမှာပါ။ ကျနော်တို့အားလုံးဟာ ဥပဒေစိုးမိုးမှုကို ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဥပဒေနဲ့ ပတ်သက်ရင် နှစ်ပိုင်းရှိပါတယ်။ တစ်ခုက ရာဇဝတ်မှုကျူးလွန်မှုတွေ ဖြစ်လာရင် ရဲစခန်းကနေ ဖမ်းမယ်။ ဒါ အုပ်ချုပ်ရေးဘက်ကနေ ဖမ်းဆီး ခွင့်ပြုမယ်။ ဖမ်းဆီးပြီးရင် ဥပဒေရုံးက နေ ဥပဒေ အကြံ ဉာဏ်တွေရယူမယ်။ တရားရုံးကို အမှုကို တင်သွင်းရတာ ဖြစ်ပါတယ်။ ဒီနေရာမှာ တရားမျှတတဲ့ တရားစီရင် ရေး တွေဖြစ်အောင် ကျ နော်တို့တွေ ကြိုးစားရမှာဖြစ်ပါတယ်"ဟု ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။

ဥပဒေဖြင့် တရားမျှတအောင် မဆောင်ရွက်နိုင်ပါက ပြည်သူများက မည်သို့ ဆက်နေထိုင်ကြမည်ဟူသည် မေးခွန်းထုတ်စရာ ဖြစ်လာနိုင်ကြောင်းလည်း ၎င်းကဆိုသည်။

"ဒီနေရာမှာ လူတွေက အုံကြွလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဥပဒေနဲ့အညီ မဖြစ်တော့ဘူး၊ တရားစီ ရင်ရေး မဏ္ဍိုင်က ငါတို့ကို ဘာမှ ကာကွယ်မပေးနိုင်တော့ဘူး၊ ငွေများ ငွေနိုင် ဖြစ်နေတယ်ဆိုတဲ့ အယူအဆ မျိုး ဖြစ်သွားလို့ မရပါဘူး။ ဒါကြောင့် တရားစီရင်ရေးမဏ္ဍိုင်ကို တည့်မတ်နိုင်ဖို့အတွက် ကျနော်တို့ ကြိုးစားကြ ရမှာ ဖြစ်ပါတယ်" ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောကြားခဲ့သည်။

The Ladies News


0 comments:

Post a Comment