မြောက်ပိုင်းလက် နက်ကိုင်ခုနစ်ဖွဲ့ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အရ ဆောင်ရွက်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လာရေး ကူညီပေးရန် တရုတ်နိုင်ငံ အာရှ ရေးရာ အထူးကိုယ်စားလှယ် မစ္စ တာဆွန်ကော်ရှန်းနှင့် တွေ့ဆုံ စဉ် ဆွေးနွေးခဲ့ကြောင်း NCA လက်မှတ်ထိုးရှစ်ဖွဲ့မှ ဒေါ်စောမြ ရာဇာလင်းက ပြောသည်။
‘‘မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် ကို တရုတ်အစိုးရအနေနဲ့ အကောင်းဆုံး ဝန်းရံအားပေးဖို့ ကိစ္စတွေကို ဆွေးနွေး ကြခြင်းပဲဖြစ်ပါတယ်’’ဟု ဒေါ်စောမြရာဇာလင်းက ဆိုသည်။
NCA စာချုပ်ရရှိရေး အစိုးရ နှင့် ညှိနှိုင်းသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး NCAတွင် ပါဝင် လာရေး တရုတ်အစိုးရ ကအားပေးရန် ဆွေးနွေးခဲ့ကြောင်း ၎င်းက ပြောသည်။
‘‘အထူးသဖြင့်ဆိုရင် အဲဒါ ကို ရှင်းရှင်းပြောရရင် မြောက်ပိုင်း က မဟာမိတ်ခုနစ်ဖွဲ့တွေလည်း ငြိမ်းချမ်းရေး စားပွဲခုံကို ရောက် လာဖို့အတွက် တရုတ် အနေနဲ့ အားပေးဖို့ မြန်မာနိုင်ငံအစိုးရကို လည်း တိုက်တွန်းဖို့ ဆိုတာလည်း ကျွန်တော်တို့ ဆွေးနွေးကြတဲ့အ ထဲမှာ ပါပါတယ်’’ဟု ဒေါ်စောမြ ရာဇာလင်းက ပြောသည်။
တရုတ်ကိုယ်စားလှယ်ဘက် က မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို စိတ်ဝင်စားမှုရှိကြောင်း ဖော်ပြပြီးအမြဲတမ်း အားပေးကူညီမည်ဟု တုံ့ပြန်ကြောင်း ၎င်းက ရှင်းပြ သည်။တွေ့ဆုံပွဲတွင် စစ်ပွဲများ ရပ်စဲရေးကိစ္စ၊ ရခိုင်ပြည် နယ်အရေးကိစ္စ၊ NCA အရ ဆောင်ရွက်ရမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲများကို ရှမ်းနှင့် ရခိုင်ပြည် နယ်တို့၌ မကျင်းပနိုင်သေးခြင်း ကိစ္စတို့ကိုလည်း ဆွေးနွေးခဲ့သည်။
ထို့အပြင် တိုင်းရင်းသား ကိုယ်စားလှယ်များ တရုတ်ပြည်ဘက်သို့ လေ့လာနိုင်ရေး ကိစ္စကိုလည်း ဆွေးနွေး ခဲ့ကြောင်း ဒေါ်စောမြရာဇာလင်းက ပြောသည်။
‘‘တရုတ်ပြည်မှာ တိုင်းရင်း သားတွေအပေါ်မှာ တရုတ်အစိုးရ က ဘယ်လိုပုံစံမျိုးထားတယ်ဆို တာကိုလည်း ဒီက ခေါင်းဆောင် ကြီးတွေကို မြင်စေချင်တယ်ဆို တာကို ပြန်ဆွေးနွေးတာရှိတယ်’’ ဟု ၎င်းက ဆိုသည်။
တွေ့ဆုံပွဲတွင် အပစ်ရပ်ရှစ် ဖွဲ့မှ ပဒိုစောတာဒိုမှူး၊ ဗိုလ်မှူးကြီး စိုင်းငင်း၊ ဒေါ်စောမြရာဇာလင်း။ ဆလိုင်းထ လာဟေး စသည့် PPWT ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
7Day
0 comments:
Post a Comment