ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ (UNFC) အစည်းအ ဝေးကို ယခုလ ၁၀ ရက် တွင် ထိုင်း နိုင်ငံ ချင်းမိုင်မြို့၌ ပြုလုပ်ကာအဖွဲ့ အနာဂတ်နှင့်ပတ်သက်၍ဆွေးနွေးမည်ဖြစ်ကြောင်း UNFC တာဝန်ရှိသူအချို့က ပြောသည်။
‘‘ကောင်စီအစည်းအဝေးက ပုံမှန် UNFC ရဲ့ အထွေထွေလုပ်ငန်းစဉ်တွေရှိမယ်။ နောက်ပြီး တော့ လတ် တလော ထူးခြားတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက် တဲ့ အကြောင်းအရာ၊ အချက်အ လက်တွေ ရှိမယ်။ ပြီးတော့ ရှေ့ ဆက်ဆောင်ရွက်မယ့် လုပ်ငန်း စဉ်ပိုင်းဆိုင်ရာတွေ ရှိမယ်ပေါ့’’ ဟု UNFC ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းဇော်က ပြောသည်။
NCA လက်မှတ်ရေးထိုးခြင်း၊ မရေးထိုးခြင်းသည် UNFC ဖြစ်တည်ခြင်း၊ မဖြစ်တည်ခြင်းနှင့်ထပ်တူမကျဟု ဦးထွန်းဇော်က ပြောသည်။ ဆက်လက်၍ ၎င်းက‘‘ဒါပေမဲ့ ဒီကိစ္စကတော့ အလေးအနက်ထား စဉ်းစားရမယ့် အချက်တစ်ချက်တော့ဖြစ်ပါတယ်’’ ဟု ပြောသည်။
UNFC ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးကလည်း ‘‘ဒီမှာ ထူးခြားတဲ့အခြေအနေတွေနဲ့ပတ် သက်ပြီး ဆွေးနွေးရမှာပေါ့။ ကျွန် တော်တို့ မွန်ပြည်သစ် NCA ထိုး မယ့်အပိုင်းရော၊ တခြားထူးခြား တဲ့ အခြေ အနေတွေရောပေါ့’’ဟု ဆိုသည်။ UNFC စုဖွဲ့မှု ဆက်ရှိ၊ မရှိကိုမူ အစည်းအဝေးကျမှသာ ဆွေးနွေးရမည်ဟု ၎င်းကပြောသည်။ မွန်ပြည်သစ်ပါတီအနေဖြင့် NCAလက်မှတ်ထိုးခြင်းကို ယခုလ ဒုတိယပတ်အတွင်း ပြုလုပ်ရန် စီစဉ်ထားကြောင်း နိုင်အောင်မငေး ကဆိုသည်။
UNFC ကို ကချင်လက်နက် ကိုင်အဖွဲ့ (KIO) ဦးဆောင်ပြီး ၂၀၁၁ က တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ဖြင့် ဖွဲ့စည်း ခဲ့သည်။ နောက်ပိုင်းတွင် KNU, KIO စသည်တို့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ရှစ် ဖွဲ့သည် အကြောင်းမျိုးမျိုးကြောင့် နုတ်ထွက်ခဲ့ရာ လက်ရှိတွင် လေးဖွဲ့သာ ကျန်ရှိသည်။ ယင်းလေးဖွဲ့အနက် နှစ်ဖွဲ့က NCA လက်မှတ်ထိုးရန် ဆုံးဖြတ်လိုက်၍ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ရခိုင် အမျိုးသား ကောင်စီ (ANC) တို့သာ ကျန်ရှိ တော့သည်။ UNFC အဖွဲ့ဝင်အဖွဲ့အစည်းများ NCA လက်မှတ် ထိုးပါက အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းပေးရသည့် စည်းကမ်း ချက်ရှိသည်ဟု NCA လက်မှတ် ထိုး၍ UNFC အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းခံရသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ် (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။
7Day
0 comments:
Post a Comment