Friday, May 25, 2018

NLD ပါတီဗဟိုရုံးချုပ်ရှေ့တွင် ဆန္ဒထုတ်ဖော်မှုအား အကြမ်းဖက်ဖမ်းဆီးခြင်းသည် ကရင်လူမျိုးများကို စော်ကားပုတ်ခတ်ခြင်းဖြစ်ဟု ဆန္ဒပြဦးဆောင်သူပြောဆို


မွန်ပြည်နယ် ၊ ဘီလင်းမြို့နယ်အတွင်း မြေယာသိမ်းစည်းမှုများကြောင့် မေလ ၁၉ ရက်က NLD ပါတီဗဟိုရုံးချုပ်ရှေ့တွင် ကရင်တိုင်းရင်းသားများက ဆန္ဒထုတ်ဖော်မှုအား ရဲတပ်ဖွဲ့မှ ဖြိုခွင်းဖမ်းဆီး ခြင်းသည် ကရင်လူမျိုးများကို စော်ကားပုတ်ခတ်ခြင်းဖြစ်သည်ဟု ဆန္ဒပြဦးဆောင်သူ ဒေါ်နန်းအေးကြိုင်က ရန်ကုန်မြို့ ၊ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးတွင် ယနေ့မွန်းလွဲပိုင်းကပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုလိုက်သည်။

“NLD ရုံးရှေ့မှာ ကျွန်မတို့ကို အကြမ်းဖက်တာတွေဟာ အရမ်းကိုဆိုးရွားတဲ့အခြေအနေမျိုးရှိတယ်။ ကျွန်မတို့ကရင်လူမျိုးကို စော်ကားပုတ်ခတ်တယ်လို့ မြင်ရတယ်” ဟု ဒေါ်နန်းအေးကြိုင်ကပြော သည်။

အဆိုပါဆန္ဒထုတ်ဖော်မှုတွင် ဒေါ်နန်းအေးကြိုင်အပါအ၀င် ကရင်အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး ဗဟန်းမြို့မရဲစခန်းမှ ငြိမ်းစုစီဥပဒေပုဒ်မ-၂၀ ဖြင့် အမှုဖွင့်ထားသည်။

အဆိုပါအမှုအတွက် ဗဟန်းမြို့နယ်တရားရုံးက ၃၀ရက်နေ့တွင် ရုံးချိန်းလာရောက်ရန်ချိန်းဆိုထား ကြောင်းသည်။

“ ဥပဒေပုဒ်မ -၂၀ နဲ့ စွဲထားတယ် ကျွန်မကို ထောင်ဒဏ် ၁လနဲ့ ငွေဒဏ်သုံးသောင်းချမှတ်ထားတာ ပြောတယ် အကြမ်းဖျဉ်းပေါ့ ။ အဲ့အချိန်က ကျွန်မကျန်းမာရေးကောင်းရင်တော့ လာမှာပေါ့ ကျန်းမာ ရေးမကောင်းရင်တော့ နောက်ရုံးချိန်းပေါ့ လာရင်တော့အာမခံတွေဘာတွေလုပ်လာပါလို့တော့ ပြောတယ် ။ ဒါပေမယ့် ကျွန်မက တိုင်းရင်းသားကိုယ်စားပြုဖြစ်တယ် နောက်ပြီးတော့ အမှန်အကန် ထွက်လာတဲ့သူဖြစ်တယ် ကျွန်မဂုဏ်သိက္ခာနဲ့ ဒီငွေသုံးသောင်းနဲ့လဲချင်မှလဲမှာ ကျွန်မထောင်အကျခံရင်လည်းခံမှာ” ဟု၎င်းကပြောသည်။

မေလ ၁၉ ရက်က ဆန္ဒထုတ်ဖော်ရာတွင် မတရားမြေသိမ်းဆည်းခံရမှုများ ဖြေရှင်းပေးရေး ၊ မြေစစ်ကော်မတီ ဖွဲ့စည်းမှုပြင်ဆင်ပေးရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအကြောင်းပြကာ စစ်အုပ်စုအညံ့ခံမူဝါဒ ပြင်ဆင်ပေးရေး စသည့်အချက်များကို ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မေ ၂၁ရက် က နေပြည်တော်သို့ ဆန္ဒထုတ်ဖော်ရန်သွားရောက်ခဲ့ခြင်းအား တားဆီးပိတ်ပင်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေါ်နန်းအေးကြိုင်ကပြောသည်။

The Fifth Wave News

0 comments:

Post a Comment