Tuesday, May 29, 2018

မုန်တိုင်းငယ် ကျောက်ဖြူမြို့အနီး ယနေ့ညနေ ဖြတ်ကျော်နိုင် ဒေသ ၁၂ ခုတွင် နေရာကွက်မိုးကြီးနိုင်ပြီး ရေကြီးခြင်းနှင့် မြေပြိုမှုဘေး သတိထားရန်လို


မုန်တိုင်းငယ်သည် ကျောက်ဖြူမြို့အနီးသို့ ယနေ့ညနေတွင် ဖြတ်ကျော်နိုင်ကြောင်း ဒေါက်တာထွန်း လွင်က သတိပေးပြီး ဒေသ ၁၂ ခု၌ နေရာကွက်၍မိုးကြီးနိုင်သဖြင့် ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုမှု ဘေးကို သတိပြုရန်လိုကြောင်း မိုးဇလဌာနက သတင်းထုတ်ပြန်သည်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းရှိ လေဖိအားနည်းရပ်ဝန်းသည် ယမန်နေ့ (မေလ ၂၈ ရက်) ညတွင် မုန်တိုင်းငယ်အဖြစ် စတင်ပြောင်းလဲနေ ပြီး ယနေ့ (မေလ ၂၉ ရက်) ညနေ၌ ရခိုင်ပြည်နယ် အလယ်ပိုင်း ကမ်းခြေဒေသဖြစ်သော ကျောက်ဖြူမြို့အနီးမှ ဖြတ်ကျော်နိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။

‘‘မုန်တိုင်းငယ် စဖြစ်နေပြီ။ မကြာခင် မုန်တိုင်းငယ် ပီပီပြင် ပြင်ဖြစ်မယ်။ မနက်ဖြန် ညနေမှာ ကျောက်ဖြူမြို့ အနားကို ဖြတ် ကျော်ပြီး အားပျော့သွားမယ်လို့ ခန့်မှန်းတယ်။ ဧရာဝတီနဲ့ ရခိုင် ဒေသမှာ မိုးများနေမှာကိုလည်း သတိပြုရမယ်’’ ဟု ဒေါက်တာ ထွန်းလွင်က ပြောသည်။

မုန်တိုင်းငယ်သည် တစ်နာရီ လေတိုက်နှုန်း ၄၀ မှ ၄၅ မိုင်ခန့် ဖြင့် ကမ်းရိုးတန်းအနီးသို့ ရွေ့ လျားနိုင်ပြီး တစ်ခါတစ်ရံ မိုင် ၅၀ မှ ၅၅ မိုင်ခန့်အထိ အားပြင်းနိုင် သည်ဟု ၎င်းက ဆက်လက်သတိပေးသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မိုးကြီး မည့် သတိပေးချက်ကို မေလ ၂၈ နှင့် ၂၉ ရက်တွင် ထုတ်ပြန်ထားပြီး နေပြည်တော်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက် မိုးကြီးနိုင်ကြောင်း ထပ်မံသတိပေးထားသည်။

လေပြင်းတိုက်ခတ်ခြင်း၊ မိုး ကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်း နှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ် နိုင်သဖြင့် ကုန်းမြင့်ဒေသများတွင် မြေပြိုမှုအန္တရာယ်နှင့် ကမ်းရိုးတန်းဒေသများ၊ ဒေသအနှံ့မှ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်သူ များအနေဖြင့် ရေကြီး၊ ရေလျှံမှု အန္တရာယ် ကြိုတင်သတိပြုရန် သတိပေးထားသည်။

ပြည်တွင်းလေကြောင်း ပျံ သန်းရေးနှင့် ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများကို လေပြင်း အန္တ ရာယ် သတိပေးထားချိန်တွင် ဧရာ ဝတီနှင့် ရခိုင်ကမ်းရိုးတန်းဒေသမှ ငါးဖမ်းရေယာဉ်များ ယာယီရပ်နား ထားရန် အဆင့်ဆင့်အကြောင်း ကြားထားသည်ဟု သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိသူများက ဆိုသည်။

လေဖိအားနည်းရပ်ဝန်းအ ဖြစ် ရှိနေစဉ် မြန်မာနိုင်ငံဒေသ အများစုတွင် မိုးကောင်းနေပြီး မကွေးတိုင်းဒေသကြီး မြို့နယ် အချို့၌ တောင်ကျရေကြောင့် လမ်းရေလျှံမှုများ ကြုံတွေ့နေ သည်။

ရန်ကုန်-မန္တလေး အမြန် လမ်းနှင့် ကရင်ပြည်နယ်ရှိ ကော့ ကရိတ်-မြဝတီသို့ ချိတ်ဆက်ထား သော အာရှလမ်းတွင် ခရီးသည် ယာဉ် တိမ်းမှောက်မှုဖြစ်ပွားပြီး မိုးရွာသွန်း၍ အရှိန်လွန်တိမ်း မှောက်ခြင်းဖြစ်သည်ဟု ယာဉ် မောင်းအချို့က သုံးသပ်သည်။

မုန်တိုင်းငယ်၏ အရှိန် ကြောင့် နေရာကွက် မိုးကြီးနိုင် မည့် အခြေအနေကို မနက်ဖြန် (မေလ ၃၀ ရက်)အထိ သတိပြု ရန်လိုကြောင်း ဒေါက်တာထွန်း လွင်က ဆိုသည်။ နေရာအနှံ့ မိုး ကောင်းနေစဉ် အနောက်တောင် မုတ်သုံလေလည်း ဆက်လက်ဝင် ရောက်နေပြီး မြစ်ဝကျွန်းပေါ် ဒေသကိုလွန်ကာ ရခိုင်ပြည်နယ် နှင့် အလယ်ပိုင်းဒေသသို့ စတင် ဝင်ရောက်နေကြောင်း ဒေါက်တာ ထွန်းလွင်နှင့် မိုးဇလက သတင်း ထုတ်ပြန်ထားသည်။


7Day

0 comments:

Post a Comment