Wednesday, May 30, 2018

တော် သင့် ညံ့ ဟူ၍ ခွဲခြားလက်ခံမှု မရှိဘဲ ကမာရွတ် TTC တွင် ပန်းနာမည်များနှင့်သာ အတန်းခွဲထားဟုဆို



ကျောင်းသားများကို တော် သင့် ညံ့ ဟူ၍ ခွဲခြားလက်ခံမှု မရှိဘဲ ကမာရွတ် TTC တွင်   ပန်းနာမည်များနှင့်သာ အတန်းခွဲထားကာ လက်ခံကြောင်း ကမာရွတ်TTC မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာမိုးသူ က ပြောသည်။

ကမာရွတ်TTC တွင် နှင်းဆီပန်း ၊ စံပယ်ပန်းစသည့် ပန်းအမည်များနှင့်သာ အတန်းခွဲထားပြီး ကျောင်းသားမျာကို တော် သင့် ညံ့ ဟူ၍ ခွဲခြား လက်ခံမှုမရှိကြောင်း မေလ ၃၀ရက် က မေးမြန်းမှုများအရ သိရသည်။

လက်ရှိတွင် မေလ ၂၅ ရက်နေ့မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး ရက်သတ္တတစ်ပတ်အဖြစ် ကျောင်းအပ် လက်ခံမည်ဖြစ်ပြီး ဇွန်လတွင် ကျောင်းအပ်ရန် ကျန်ရှိသည့် ကလေးငယ်များကို ကျောင်းအပ်နှံရေး ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးပညာရေးမှူးမှ ထုတ်ပြန်ထားသည်။

’’ဆရာမကြီးတို့ ကျောင်းမှာတော့ အဲဒီလို တော်သင့်ညံ့ဆိုပြီး အတန်းမခွဲဘူး။ အခန်းအေ အခန်းဘီမှာ ကျောင်းသားသစ်တွေ ထည့်သွင်းတာတော့ရှိတယ်။ ဟိုလိုမျိုး တော်တာ သက်သက် ညံ့တာသက်သက်အခန်းခွဲထားတာတော့မရှိဘူး’’ ဟုအထက ကျောက်တံတားမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်လွင် က ပြောသည်။

ယခင်နှစ်မှ စတင်ကာ ကမာရွတ်TTC အနေဖြင့် အတန်းအမည်များကို ပန်းအမည်များဖြင့် ခွဲခြားထားပြီး နင်းဆီပန်း အတန်းနေ ကလေးမှာ  အတန်းကြီးသည့်အထိ နှင်းဆီပန်း အတန်းဖြစ်ပြီး စံပယ်ပန်းအတန်းမှာလည်း အလားတူ စံပယ်ပန်း အတန်းဖြစ်ကြောင်း ကမာရွတ်TTC မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာမိုးသူ က ပြောသည်။

’’အခန်း ၁၃ ခန်းဆို ကျား၂၀  မ၂၀ နှင်းဆီပန်း၊ စံပယ်ပန်း အဲဒီလိုပေါ့ ပန်းနာမည်နဲ့ ခွဲတယ်။ သူက နှင်းဆီပန်းအတန်းဆို အတန်းကြီးတဲ့အထိ နှင်းဆီပန်းပဲ။ စံပယ်ပန်းဆို အတန်းကြီးတဲ့အထိ စံပယ်ပန်းပဲ။တော်သင့်ညံ့တော့ မခွဲဘူး။အေဘီ စီဆိုတဲ့ ဂရိတ်တွေ မခွဲတော့ဘူး ’’ ဟု ကမာရွတ်TTC ကျောင်းအုပ် ဆရာမကြီး ဒေါက်တာ မိုးသူ က ပြောသည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment