Tuesday, May 29, 2018

ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ရိုက်နှိပ်မည့် ငွေစက္ကူထုတ်ဝေမည်


ဗိုလ်ချုပ်အောင် ဆန်းပုံဖြင့် ငွေစက္ကူထုတ်ဝေမှုကို ယခုအစိုးရလက်ထက်အတွင်း ဆောင်ရွက်မည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောသည်။

ပြည်သူ့လွှတ်တော်နှင့် ပြည် ထောင်စုလွှတ်တော်အဆင့်ဆင့် ကအတည်ပြုပြီးဖြစ်၍ ငွေစက္ကူ ထုတ်ဝေမည့် အသေးစိတ်အစီ အမံများ ဆက်လက်ဆောင်ရွက် နေကြောင်း ဦးစိုးသိန်းက ပြောသည်။

‘‘ဒီဟာက အားလုံးပြင်ထား ဆင်ထားတာတွေကရှိပြီးသား။ အဲဒါကြောင့်မို့လို့ ဒီအစိုးရလက် ထက်မှာ ထုတ်ကိုထုတ်မှာ ဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။

မေလ ၂၉ ရက်က နေပြည် တော် ပြန်ကြားရေးဝန်ကြီးဌာန၌ အစိုးရ ၂ နှစ်တာ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဗဟိုဘဏ်ဒုဥက္ကဋ္ဌက မီဒီယာများ၏ မေးမြန်းမှုကို အထက်ပါအတိုင်း ပြန်လည်ဖြေကြားသည်။

ငွေစက္ကူထုတ်ဝေမှုကို မည် သည့်အမျိုးအစားနှင့် မည်ကဲ့သို့ ထုတ်လုပ်မည်ကို လတ်တလော ပြော၍မရသော်လည်း အဆင့် ဆင့်သတ်မှတ်ချက်များနှင့် အညီ ထုတ်ဝေမည်ဖြစ်ကြောင်း ဦးစိုး သိန်းက ဆိုသည်။

‘‘ငွေစက္ကူတစ်ခုကို ထုတ်ဖို့ စဉ်းစားရတာကနေပြီးတော့ ထုတ်တဲ့အဆင့်ထိရောက်အောင် လုပ် ဖို့ဆိုရင် ကိုးလကနေ တစ်နှစ်အထိ အချိန်ယူရပါတယ်။ အဲဒီတော့ ဘယ်ဟာက စထုတ်မလဲဆိုတာ က ထိုနည်းလည်းကောင်းပါပဲ။ Technically ဆန်တဲ့  ကိစ္စပါ။ လူတွေရဲ့ လက်ထဲကို ဘယ်လို ရောက်စေချင်တာလဲ။ များများ ပြန့်သွားစေချင်တာလား။ ဒီလို စဉ်းစားရတဲ့အချက်တွေက အများကြီး ရှိပါတယ်။ ဒါကြောင့်မို့လို့ အ တည်ပြုတဲ့အတိုင်း ဆက်ထုတ် သွားမှာဖြစ်ပါတယ်’’ဟု ဦးစိုးသိန်း က ပြောသည်။

ဆက်လက်၍ ‘‘ဒါကြောင့်မို့ အချိန်ယူရတယ်။ ဘယ်ရက်ထွက် လာမယ်လို့ ပြောဖို့ခက်ပါတယ်။ ခုအချိန်မှာ ဒီဇိုင်းချိန်းတာတို့၊ လုံ ခြုံရေးစနစ်တွေထပ်ထည့်ရတာ တွေရှိတယ်။ အဲဒါကြောင့်မို့လို့ တဖြည်းဖြည်းနဲ့ ထွက်လာပါမယ်’’ ဟု ၎င်းက ပြောကြားသည်။

ယင်းသို့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံများဖြင့် ရိုက်နှိပ်ထုတ်ဝေရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို မြိုင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး အောင်ခင်ဝင်းက တင်သွင်းခဲ့သည်။ အထက်ပါအဆိုကိုထောက်ခံသူ ၂၈၆ ဦး၊ ကန့်ကွက် သူ ၁၀၉ ဦးရှိပြီး ကြားနေမရှိဘဲ ထောက်ခံသူများ၍ လွှတ်တော်က အတည်ပြုခဲ့သည်။

ယင်းအဆိုကိုသမ္မတ ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ်အတွင်း အ တည်ပြုခဲ့သည်။

7Day
Wednesday, May 30, 2018

0 comments:

Post a Comment