Thursday, May 31, 2018

ဖားကန့်မြို့နယ်၌ တောင်ကမ်းပါးယံပြိုကျ၍ လူတစ်ဦးသေဆုံး


ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဝှေခါကျေးရွာအနီးရှိ အကျိုးတူကျောက်မျက်ကုမ္ပဏီတစ်ခု၌ ရုတ်တရက်မြေပြိုကျ လာသောကြောင့် ရေမဆေးကျောက် ရှာဖွေ နေသူများ ဒဏ်ရာရရှိကာ သေဆုံးသူရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထား သည်။

ဖြစ်စဉ်မှာ မေ ၂၆ ရက် မွန်းတည့် ၁၂ နာရီတွင် ဖားကန့်မြို့မရဲတပ်ဖွဲ့ စခန်း၏ အနောက်တောင်ဘက် ၈ မိုင်ခန့် အကွာရှိ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာအနီးရှိ ရတနာကြယ် ကျောက်မျက် ကုမ္ပဏီ လုပ်ကွက်အတွင်း (နိုင်ငံတော်အကျိုးတူ) ကမ်းပါးမြေစာများ ရုတ်တရက်ပြိုကျ၍ ရေမဆေးကျောက် ရှာဖွေသူတစ်ဦး ဒဏ်ရာ ရရှိကြောင်း သတင်းအရ မွန်းလွဲ ၁၂ နာရီခွဲတွင် ဖားကန့်မြို့မ ရဲစခန်းမှူး ဝင်းဇော်ဦး၊ ဆိပ်မူ ရဲကင်းစခန်းမှူး ရဲအုပ်အောင်ဇင်ကျော်တို့ အဖွဲ့သည် သက်သေများဖြစ်သည့် ဆိပ်မူ ကျေးရွာအုပ်စု ဝှေခါကျေးရွာ ရပ်ကွက်(၂) ဆယ်အိမ်မှူး ဦးရဲတိုက်၊ ဆိပ်မူကျေးရွာ အုပ်စု ဝှေခါကျေးရွာ ရာအိမ်မှူး ဦးကျော်မင်းတို့နှင့်အတူ အခင်းဖြစ်နေရာအား သွားရောက်စစ်ဆေးခဲ့ကြသည်။

ဖြစ်စဉ်အား စစ်ဆေးရာ ရတနာကြယ် ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်အတွင်း အမြင့်ပေ ၂ဝဝ ခန့်မှ မြေစာထု ပေ ၅ဝ ခန့်သည် ရုတ်တရက် ပြိုကျလာ၍ ကမ်းပါး အောက်တွင် ရေမဆေးကျောက် ရှာဖွေနေ သူ ဦးသာကျော် (၄၈ နှစ်)မှာ သေဆုံးသွားပြီး ဦးဇော်လင်းဦး(၂ဝ နှစ်)မှာ ဒဏ်ရာရရှိခဲ့သည်။ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာ ရရှိခဲ့ပြီး ဝှေခါကျေးရွာ လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်ဖြင့် ဖားကန့်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး တာဝန်မှူး ဒုတိယ ရဲအုပ် သင်္ခါမောင်မှ ရဲဆေးစာ ပေးပို့ထားရှိခဲ့သည်။

သို့ဖြစ်၍ မြေစာပိသေဆုံးသူ ဦးသာကျော်အား ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် ဥပဒေအရ စစ်ဆေးပေးပါရန် ဆိပ်မူရဲကင်းစခန်းမှူး ရဲအုပ်အောင်ဇင်ကျော်မှ တရားလိုပြုလုပ် တိုင်တန်း၍ ဖားကန့်မြို့မ ရဲစခန်းမှ သေမှု သေခင်းအမှတ်စဉ် (၃၆/၂ဝ၁၈) ဖြင့် အမှုဖွင့်ပြီး ဖားကန့်စခန်းမှူး ဒုတိယရဲမှူး ဝင်းဇော်ဦးက အမှုအား စစ်ဆေးဆောင် ရွက်ရန် စီစဉ်လျက်ရှိကြောင်းနှင့် ရတနာကြယ်ကျောက်မျက်ကုမ္ပဏီ၏ တာဝန်ခံမှာ ဦးတင်မောင်ဝင်း ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

The Ladies News

0 comments:

Post a Comment