မြန်မာနိုင်ငံအတွင်းရှိ သွားလာရခက်ခဲသည့် ဒေသများ၊ အစွန်အဖျားအကျဆုံး ဒေသများတွင် နေထိုင်သူများအတွက် အသေးစားချေးငွေ လုပ်ငန်းစုများ တည်ထောင်ပေးပြီး ဘဏ္ဍာရေးဆိုင်ရာ ဒစ်ဂျစ်တယ်ဖြင့် ဝန်ဆောင်မှုများ ပေးသွားမည်ဖြစ်ကြောင်း Oradian ကုမ္ပဏီမှ သိရသည်။
အဆိုပါ Oradian ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် အနာဂတ်အတွက် ဘဏ္ဍာရေးဆိုင်ရာ ကူညီထောက်ပံ့ပေးသော အဖွဲ့အစည်းများ တည်ထောင်ရန် အသေးစားချေးငွေလုပ်ငန်းများကို အဓိကထားခြင်းဖြင့် အကူအညီပေးနေသော ကုမ္ပဏီကြီးတစ်ခုဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်တို့က ဖိလစ်ပိုင်နိုင်ငံရဲ့ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်း ၃၀ ကျော်ကို Oradian ကုမ္ပဏီက ကိရိယာတွေနဲ့ ဒစ်ဂျစ်တယ်စနစ်ကို အသုံးပြုပြီး ၄င်းတို့ရဲ့ စီးပွားရေးပုံစံ အသွင်ပြောင်းမှုတွေနဲ့အတူ ဖောက်သည်တွေ ပိုမိုလျင်မြန်စွာ များပြားလာရေးအတွက် ကူညီပံ့ပိုးပေးခဲ့ပြီး ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံက အသေးစားချေးငွေ လုပ်ငန်းတွေကို ဒစ်ဂျစ်တယ်စနစ် စတင်ကူးပြောင်းပြီး လူအများထံ ဝန်ဆောင်မှုတွေ အကျိုးရှိစွာ ပံ့ပိုးပေးနိုင်မယ့် အခွင့်အရေးကို ရရှိလာမှာ ဖြစ်ပါတယ် ” ဟု Oradian ကုမ္ပဏီမှ အာရှ၏ စီးပွားတိုးတက်ရေး မန်နေဂျာ Matija Karaula က ပြောသည်။
Oradian အနေဖြင့် အမေရိကန်ဒေါ်လာ ၁၅၀၀၀၀ ကို  အာရှဖွံ့ဖြိုးတိုးတက်မှုဘဏ် (Asian Development Bank-ADB) တွင် ထားရှိပြီး ဆက်သွယ်ရခက်ခဲသော ကျေးလက်ဒေသများတွင် လူတစ်ဦးချင်းစီကို ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ရန် Oradian ၏ ကိရိယာများကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ် ကူးပြောင်းမှုအတွက် အခြားသော ကိရိယာများဖြစ်သည့် Instafin စာပို့ခြင်း၊ အလိုလျောက် အဆင့်မြင့်ခြင်း၊ အချက်အလက်များ သိမ်းဆည်းခြင်းနှင့် လုံခြုံမှုရှိခြင်း၊ သတင်းအချက်အလက် ရွေ့ပြောင်းခြင်းများကို လေ့ကျင့်ပေးခြင်းနှင့် စတင်အကောင်အထည်ဖော်ခြင်းများ ပါဝင်ကြောင်း သိရသည်။
အောင်သူရိန် (အကုန်သိသတင်းဌာန)
 







 
 
 
 
 
0 comments:
Post a Comment