Wednesday, May 30, 2018

အသက်ကယ်ပေးတဲ့ မီးသတ်သမားကြီးကို နမ်းရှုပ်ပေးနေတဲ့ ခွေးကလေး


အမေရိကန်ပြည်ထောင်စု မိန်းပြည်နယ်က ဟက်စကီးခွေးအမျိုးအစားတစ်ကောင်ဟာ ခေါင်မိုးပေါ်ကနေ သူ့ကိုကယ်တင်ခဲ့တဲ့ မီးသတ်သမားတစ်ဦးကို ချီးကျူးဂုဏ်ပြုဖို့ မမေ့ခဲ့ပါဘူး။ 

ဟက်စကီးခွေးဟာ သူ လုံခြုံသွားပြီဆိုတာနဲ့ ကယ်တင်ပေးတဲ့ မီးသတ်သမားကြီးကို နမ်းရှုပ်ဂုဏ်ပြုခဲ့ပါတယ်။ ခွေးကလေးဟာ ခေါင်မိုးထောင့်တစ်နေရာမှာ ပိတ်မိနေခဲ့ပြီး ပြန်မဆင်းတတ်တော့တာမို့ လမ်းသွားလမ်းလာတွေက သတိပြုမိပြီး အကူအညီတောင်းခဲ့တာ ဖြစ်ပါတယ်။ 

အမိုးပေါ်မှာခွေးဟာ ဟိုပြေးဒီပြေး ဖြစ်နေတာမို့ မီးသတ်များက တက်ရောက်ပြီး အောက်ကိုခေါ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ 

မီးသတ်ကပ္ပတိန်နော်ဖဲဟာ တံတိုင်းအတိုင်း တွယ်တက်ခဲ့ပြီး ခွေးကလေးကိုပွေ့ပြီး ချီယူခဲ့တာ ဖြစ်ပါတယ်။ ခွေးကလေးကိုကယ်တင်ရပြီး ခွေးကလေးက ကျေးဇူးတင်စွာ ပြန်လည်ဆက်ဆံတာ ပထမဆုံး အတွေ့အကြုံပါလို့ ကပ္ပတိန်က ပြောကြားပါတယ်။

The Voice

0 comments:

Post a Comment