Monday, May 28, 2018

သတင်းအချက်အလက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် တရုတ် ဆော်သြ


တရုတ်အစိုးရဟာ သတင်းအချက်အလက်တွေကို ဖလှယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ သတင်းအချက်အလက် ပြပွဲမှာ နိုင်ငံတကာကို ဆော်သြလိုက်ပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ကွေ့ရန်မြို့မှာကျင်းပတဲ့ တရုတ် နိုင်ငံတကာ သတင်းအချက်အလက် လုပ်ငန်းပြပွဲရဲ့ ဖွင့်ပွဲမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ချီးကျူးစာအတွင်း ခုလို ဆော်သြလိုက်တာပါ။

တရုတ်ဟာ ဒစ်ဂျစ်တယ်ချိုင်းနားကို ပျိုးထောင်မှုနဲ့ ဆိုင်ဘာလောက အားကောင်းရေး တည်ဆောက်မှုကို ဗဟိုထားတဲ့ အမျိုးသား သတင်းအချက်အလက် ဗျူဟာကြီးကို အကောင်အထည်ဖော်နေတယ်လို့ စာထဲမှာ ဖော်ပြပါတယ်။

ပြပွဲကို နိုင်ငံပေါင်း ၃၀ နီးပါးက ပါဝင်သူ အယောက် ၄ သောင်းကျော် ဆင်နွှဲနေပါတယ်။ ပြပွဲအတွင်း အဆင့်မြင့်နည်းပညာ၊ hardware၊ digital applications နဲ့ စမ်းသပ်မှုတွေကို ပြသထားပါတယ်။

မေ ၂၆ ရက်မှာ စတင်ဖွင့်လှစ်တဲ့ ပြပွဲဟာ မေ ၂၉ ရက်နေ့ ပြီးဆုံးမှာ ဖြစ်ပါတယ်။

DVB

0 comments:

Post a Comment