Tuesday, May 29, 2018

ရခိုင်ကိစ္စ ကွင်းဆင်းကြည့်ပြီး ဂျပန်အစိုးရ ကူညီနိုင်ရေး စဉ်းစားပေးရန် သံအမတ်ကို ဒေါ်အောင်ဆန်းစုကြည်ပြောကြား


ရခိုင်ကိစ္စနှင့်ပတ်သက် ပြီး မြေပြင်သို့ ကွင်းဆင်းကြည့်ရှု ပြီး အကူအညီပေးနိုင်သည့် ကိစ္စ များကို ဂျပန်အစိုးရက စဉ်းစား ပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားကြောင်း မြန်မာ နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr.Ichiro MARUYAMA က ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံ လမ်းညွှန်ချက်အရ ဂျပန်သံ အမတ်ကြီးသည် မေလ ၂၇ နှင့် ၂၈ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေနှင့် မောင်တောဒေသများ သို့ သွားရောက်၍ မြေပြင်ကွင်း ဆင်းလေ့လာခဲ့သည်။

 ‘‘နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ကျွန်တော်တို့ကို ပြော လိုက်တာက ရခိုင်ကိစ္စ၊ ရခိုင် အခြေအနေကို ကိုယ့်မျက်စိနဲ့ ကြည့်ပြီးတော့ အဲဒီအပေါ်မူတည် ပြီး ဂျပန်အစိုးရ အနေနဲ့ ဘာအကူ အညီများ ပေးချင်တာလဲ၊ ပေးနိုင် တာလဲ၊   ပေးဖို့ကောင်းသလဲဆို တာကို စဉ်းစားပေးပါလို့ သူပြော ခဲ့ပါတယ်’’ဟု ဂျပန်သံအမတ်ကြီး က မောင်တောခရီးစဉ်တွင် မီဒီ ယာများအား ပြောကြားသည်။

စစ်တွေ၊ မောင်တောခရီးစဉ် ၌ သွားလိုသည့်နေရာ ဒေသများ သွားခွင့်ပေးသော အစိုးရကို ကျေးဇူးတင်ကြောင်း သံအမတ် က ပြောကြားပြီး ပြဿနာများကို မည်ကဲ့သို့ ဖြေရှင်းမည်ဆိုသည်ကို မြန်မာအစိုးရနှင့် ပူးပေါင်းဆောင် ရွက်မည်ဟု ပြောသည်။

ငြိမ်းချမ်းစွာ နေထိုင်နိုင်ရန် များစွာ အရေးကြီးပြီး လက်ရှိ အခြေအနေများသည် ချက်ချင်း ဖြေရှင်းနိုင်သည့် ကိစ္စမဟုတ် သည်ကို နားလည်ကြောင်း ၎င်းကပြောသည်။

ဂျပန်သံအမတ်ကြီး မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ ရောက် ရှိစဉ် မောင်တောခရိုင် အုပ်ချုပ် ရေးမှူး ဦးရဲထွဋ်က မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် အခြေအနေ၊ နယ်စပ်မျဉ်းပေါ် တွင် နေထိုင်သူများ၏ အခြေ အနေ၊ တစ်ဖက်နိုင်ငံမှ မြန်မာ နိုင်ငံဘက်သို့ CCTV တပ်ဆင် စောင့်ကြည့်လျက်ရှိသည့် အခြေ အနေများနှင့် အဖွဲ့အစည်းအချို့ ၏ တရားမဝင် ထောက်ပံ့ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းဖော်ပြသည်။

ထို့နောက် ဂျပန်သံအမတ် ကြီးသည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီး နေထိုင်သူများနှင့် တွေ့ဆုံခဲ့ သည်။ ထိုသို့ တွေ့ဆုံစဉ် မြန်မာ နိုင်ငံအတွင်း ပြန်လည်ဝင်ရောက် နိုင်မည့် အခြေအနေများနှင့် NV ကတ် ထုတ်ယူရရှိနိုင်ရေးဆိုင်ရာ သတင်းအချက်အလက်များကို သိရှိခြင်းရှိ၊ မရှိ မေးမြန်းခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဂျပန်သံအမတ်သည် ရခိုင် တိုင်းရင်းသားများ၊ မရမာကြီး တိုင်းရင်းသားများနှင့် ဟိန္ဒူဘာ သာဝင်များကိုလည်း တွေ့ဆုံခဲ့ သည်။ ဂျပန်သံအမတ်ကြီးသည်လှဖိုးခေါင်ကြားစခန်း အတွင်း မိမိဆန္ဒဖြင့် နေရပ်စွန့်ခွာသူများအား တွေ့ဆုံခဲ့သည်။

7Day

0 comments:

Post a Comment