Monday, May 28, 2018

YBS ယာဉ်တစ်စီးဘီးပေါက်ပြီး လမ်းလျှောက်နေသူနှစ်ဦးကိုဝင်တိုက်



ဘုရင့်နောင်လမ်းမပေါ် တွင် YBS(၈၅)ယာဉ်တစ်စီး ဘီး ပေါက်ကာ လမ်းဘေးဓာတ်တိုင် ကို ၀င်တိုက်ပြီး လမ်းလျှောက်နေသူနှစ်ဦးကို တိုက်မိခဲ့သည်။

ကမာရွတ်မြို့နယ် သင်္ဘော ကျင်းမှတ်တိုင်အနီး၌ ယမန်နေ့နံနက်ကဖြစ်ပွားသော ဖြစ်စဉ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးယာဉ်တိုက်ခံခဲ့ရပြီး ဒဏ်ရာရရှိသော်လည်း အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

သို့ဖြစ်ရာ ယာဉ်မောင်းကို ကမာရွတ်မြို့မရဲစခန်းက ပေါ့ လျော့မှုကြောင့် နာကျင်စေမှု၊ ပေါ့လျော့မှုကြောင့် အပြင်းအ ထန်နာကျင်စေမှုနှင့် ယာဉ်မဆင် မခြင်မောင်းနှင်မှု ပုဒ်မတို့ဖြင့် အမှု ဖွင့်ကာ ဖမ်းဆီးစစ်ဆေးနေသည်။

မေလ ၂၆ ရက် ည ၇ နာရီကလည်း YBS(၆၁)ခရီးသည်တင်ယာဉ်သည် လှိုင်သာယာ(၁)ထိပ်မှတ်တိုင်အနီးတွင် လမ်းဖြတ်ကူး သည့် သားအမိနှစ်ဦးကို တိုက်မိ ခဲ့သည်။ ယာဉ်တိုက်မှုကြောင့်လမ်း ဖြတ်ကူးသည့် အသက်(၂၃)နှစ် အရွယ်အမျိုးသမီးလဲကျစဉ် ၎င်းပွေ့ချီထားသည့်အသက် (၁)နှစ်ခွဲအရွယ်ကလေးငယ်သည် ယာဉ်ရှေ့ဘီးဖြင့် ကြိတ်မိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂)ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

သို့သော် ယာဉ်မောင်းသည် အခင်းဖြစ်နေရာတွင် ယာဉ်ကိုထားကာ ထွက်ပြေးခဲ့သည်။ ၎င်း ကို လှိုင်သာယာမြို့မရဲစခန်းက ပေါ့လျော့မှုကြောင့် လူသေဆုံးမှု ပုဒ်မ၊ ပေါ့လျော့မှုကြောင့် အပြင်း အထန်နာကျင်စေမှုပုဒ်မနှင့် ထွက်ပြေးတိမ်းရှောင်မှုပုဒ်မတို့ ဖြင့် အမှုဖွင့်အရေးယူထားသည်။ 

7Day

0 comments:

Post a Comment