Thursday, May 31, 2018

ချန်ပီယံကာကွယ်ပွဲအတွက် ဖိအားမရှိဟု အောင်လအန်ဆန် ပြော


ဝမ်းမစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံ အောင်လအန်ဆန်ဟာ ချန်ပီယံကာကွယ်ပွဲအတွက် စိတ်လှုပ်ရှားနေပေမယ့် ဖိအားတော့မရှိဘူးလို့ မေလ ၃၀ ရက်နေ့က ရို့စ်ဂါးဒင်းဟိုတယ်မှာ ဗွီဒီယိုဖုန်းခေါ်ဆိုမှုကနေတဆင့် မီဒီယာတွေနဲ့ အင်တာဗျူးလုပ်တဲ့အချိန်မှာ ပြောကြားသွားခဲ့ပါတယ်။

အောင်လအန်ဆန်ဟာ ကမ္ဘာ့ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့အတွက် မစ်ဒယ်ဝိတ်တန်း ချန်ပီယံဟောင်း ဘစ်ဒက်ရှ်ကို အလဲထိုးလာခဲ့တဲ့ လီယိုနာဒို အတိုင်းဒီးစ်နဲ့ ထိုးသတ်ဖို့ ရှိခဲ့ပေမယ့်လည်း အဲဒီကစားသမားရဲ့ ဒဏ်ရာပြဿနာကြောင့် ဂျပန်တိုက်ခိုက်သမား ကန်ဟက်ဆီဂါဝါနဲ့ ထိုးသတ်ရမှာ ဖြစ်ပါတယ်။

ဟက်ဆီဂါဝါဟာ အတွေ့ကြုံရင့် တိုက်ခိုက်ရေးသမားဖြစ်သလို ဂျပန်ကစားသမားတွေဟာ ခံနိုင်ရည်အားကောင်းလို့ ရင်ခုန်ဖို့ကောင်းတဲ့ပွဲဖြစ်မယ်လို့ အောင်လက ပြောပါတယ်။

အောင်လအန်ဆန်ရဲ့ ထိုးသတ်မှုပုံစံအရ တမျိုးစီအားသန်တဲ့ တိုက်ခိုက်ရေးသမားတိုင်းကို အနိုင်ရခဲ့တာကြောင့် ပြင်ဆင်မှုကောင်းတဲ့ ချန်ပီယံတယောက်အဖြစ် ချီးကျူးခံထားရသူလည်း ဖြစ်ပါတယ်။

DVB

0 comments:

Post a Comment